ကွက်တာမြို့ ဗုံးကွဲတာ သူတို့လက်ချက်လို့ ပါကစ္စတန် တာလီဘန် ဂိုဏ်းခွဲတစ်ခုက ကြေညာ

  • 8 ဩဂုတ် 2016
_quetta_
Image caption ပါကစ္စတန် နိုင်ငံတွင်း လုံခြုံရေး အခြေအနေကို ပြန်လည် သုံးသပ်ချိန် တန်ပြီ။

ပါကစ္စတန် နိုင်ငံ ကွက်တာ မြို့မှာ အနည်းဆုံး လူ ၆၉ ယောက် သေဆုံး ခဲ့ရတဲ့ အထိ အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့မှု ရဲ့ နောက်ကွယ်မှာ သူတို့ ရှိတယ် ဆိုပြီး၊ ပါကစ္စတန် တာလီဘန် အဖွဲ့ခွဲ တစ်ခု ဖြစ်တဲ့ ဂျမာ့အာ့တွလ် အာဟ်ရာ က ပြောပါတယ်။

သေဆုံးခဲ့ ကြရသူတွေ ထဲက ထက်ဝက် လောက်ဟာ ရှေ့နေတွေ ဖြစ်ပါတယ်။

သေနတ် ပစ်သတ် ခံခဲ့ရတဲ့ ပြည်နယ် ရှေ့နေ အသင်းရဲ့ အကြီးအကဲရဲ့ ရုပ်အလောင်း ကို သယ်လာ ခဲ့တဲ့ ဆေးရုံမှာ ရှေ့နေတွေ စုဝေး နေကြတုန်း အသေခံ ဗုံးခွဲ တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဒီ တိုက်ခိုက်မှု အပေါ် လုံခြုံရေး အင်အား အပြည့်သုံးပြီး ပြန်လည် တုံ့ပြန်သွားမယ် လို့ ပါကစ္စတန် ဝန်ကြီးချုပ် နဝါ့ဇ် ရှရစ်ဖ်က ပြောပါတယ်။

ပါကစ္စတန် နိုင်ငံတွင်း လုံခြုံရေး အခြေအနေကို ပြန်လည် သုံးသပ်ချိန် တန်နေပြီလို့ အခင်းဖြစ်ခဲ့ရာ ဘာလွတ်ရှ် ပြည်နယ် အစိုးရရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ