စီးပွားရေး မူဝါဒ အပေါ် ထရမ့် အာရုံစိုက် ပြောကြားလာ

  • 8 ဩဂုတ် 2016
_detroit_
Image caption စီးပွားရေး ဘက် အလေးပေး ပြောတဲ့ နည်းဗျုဟာ ပြောင်းလဲ ကျင့်သုံး။

အမေရိကန် ပြည်ထောင်စုမှာ ရီပတ်ဘလစ်ကင် သမ္မတလောင်း ဖြစ်တဲ့ ဒေါ်နယ် ထရမ့်က သူ့ရဲ့ မဲဆွယ် စည်းရုံးမှု တွေမှာ စီးပွားရေး ဆိုင်ရာ ကိစ္စတွေ ဘက် အာရုံစိုက် အသား ပေး ပြောဆို လာ ပါတယ်။

သူသာ နိုဝင်ဘာလ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရရင် စီးပွားရေး လုပ်ငန်းတွေ ရဲ့ ဝင်ငွေခွန်ကို လျှော့ပေါ့ပြီး၊ ထိန်းချုပ်မှု တချို့ကိုလည်း ဖြေလျှော့ ပေးတာ မျိုးနဲ့ အမေရိကန် စီးပွားရေး ခုန်ပျံ တိုးတက် အောင် လုပ်ဆောင် ပေးမယ် လို့ ဒီ့ထရွိုက် မြို့မှာ ရှိနေတုန်း မစ္စတာ ထရမ့်က ကတိပေး ပြောကြား ခဲ့ ပါတယ်။

မြောက် အမေရိက တိုက် နိုင်ငံတွေ တလွှား လွတ်လပ်စွာ ကုန်သွယ်ဖို့ သဘောတူညီ မှု ကို ပြန်လည် ညှိနှိုင်းမှု တွေ ပြုလုပ်ပြီး၊ အခွန်နှုန်း ထားတွေလည်း ပြင်ဆင် မယ် ဆိုရင် အလုပ်အကိုင် အခွင့် အလမ်းသစ်တွေ သန်းနဲ့ချီ ဖန်တီး ပေးနိုင် လိမ့်မယ်လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ရွေးကောက်ပွဲ အကြို သဘောထား စစ်တမ်းတွေ မှာ ပြိုင်ဘက် ဟီလာရီ ကလင်တန်က သိသိသာသာ အသာစီး ရလာ ခဲ့တဲ့ နောက် မစ္စတာ ထရမ့် အနေနဲ့ အခုလို စီးပွားရေး ဘက် အလေးပေး ပြောတဲ့ နည်းဗျုဟာ ပြောင်းလဲ ကျင့်သုံး လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ