အလက်ပ်ပိုမှာ အမြန်ဆုံး အပစ်ရပ်ကြဖို့ ကုလ တောင်းဆို

  • 9 ဩဂုတ် 2016
_aleppo_ ဓာတ်ပုံ မူပိုင် AFP
Image caption တိုက်ပွဲတွေကြား အရပ်သား အများအပြား ပိတ်မိ နေ။

ဆီးရီးယား နိုင်ငံရဲ့ ဒုတိယ အကြီးဆုံး မြို့ဖြစ်တဲ့ အလက်ပ်ပိုမှာ အမြန်ဆုံး အပစ်ရပ် ကြဖို့ ကုလသမဂ္ဂ က တောင်းဆို လိုက်ပါတယ်။

အလက်ပ်ပို မှာ ဆီးရီးယား အစိုးရတပ်နဲ့ သူပုန်တွေကြား ပြင်းပြင်းထန်ထန် တိုက်ခိုက် နေတာတွေ ကြားထဲ အရပ်သား အများအပြား ပိတ်မိ နေပြီး၊ အရပ်သား နှစ်သန်း ကျော် ဟာ ရေမရှိ၊ လျှပ်စစ် မီး မရှိ နဲ့ နေနေ ရတယ်လို့ ကုလသမဂ္ဂ အဖွဲ့က ပြောပါတယ်။

ဒါ့အပြင် စားနပ်ရိက္ခာ နဲ့ ဆေးဝါး တွေလည်း အန္တရာယ် ရှိလောက်တဲ့ အဆင့်ထိ လျော့နည်း နေပြီ လို့လည်း ကုလသမဂ္ဂ က သတိပေး ပါတယ်။

အလက်ပ်ပို အနေယာက်တောင် ပိုင်း နယ်မြေ တွေ မှာ ဆီးရီးယား အစိုးရတပ် ရဲ့ ဝိုင်းရံ ပိတ်ဆို့ ထားမှုကို အခု ရက်ပိုင်းတွေ မှာပဲ သူပုန် တွေ က ချိုးဖျက် နိုင်ခဲ့ပေမယ့် အခုတော့ အဲ့ဒီ့ နေရာ တွေကို ပြန်လည် သိမ်းပိုက် နိုင်ပြီလို့ ဆီးရီးယား အစိုးရ မီဒီယာ က ပြောပါတယ်။

ဒါပေမယ့် သူပုန် အဖွဲ့တွေ ဘက်က တော့ အဲဒီ့ ပြောဆိုမှု မဟုတ်မမှန်ဘူးလို့ ငြင်းဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ