အိုလံပစ် ရေကူးကန် အစိမ်းရောင်ပြောင်း

  • 10 ဩဂုတ် 2016
olympic pool ဓာတ်ပုံ မူပိုင် Getty Images
Image caption အစိမ်းရောင် ရေမှာ ယှဉ်ပြိုင်ဘက်ကို တွေ့ဖို့ခက်

ရီယို အိုလံပစ် ဒိုင်ဗင်ထိုးတဲ့ ရေကူးကန်မှာ အယ်လကာလီ ဓာတ် ရုတ်တရာက် လျော့နည်းပြီး အစိမ်းရောင် ပြောင်းသွားပါတယ်။

ဒါကို နဂို အပြာရောင် ပြန်ရအောင် စီစဉ်ပါ့မယ်လို့ ပွဲ စီစဉ်သူတွေက ဆိုပါတယ်။

ရေကူးကစားသမား တွေ များရင် ကန်ရဲ့ ရေ pH နဲ့ ကလိုရင်း ပမာဏကို သက်ရောက်နိုင်တာကို စစ်ဆေးသူတွေက သတိမထားခဲ့ဘူးလို့ သိရပါတယ်။

အစိမ်းရောင် ရေထဲမှာ ယှဉ်ပြိုင်ဘက် ရေကူးသမားတွေကို တွေ့ဖို့ ခက်တယ်လို့ ရေကူးပြိုင်သူတွေက ဆိုပါတယ်။

ဒီလို ရေအရောင်ပြောင်းလို့ ကျန်းမာရေး မထိခိုက်ပါဘူးလို့လည်း ပွဲစီစဉ်သူတွေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ