ထိုင်းနိုင်ငံမှာ ခရီးသွားဧည့်သည်တွေ အထူး ဆင်မ်ကဒ်လိုအပ်

  • 10 ဩဂုတ် 2016
ထိုင်းရောက် ကမ္ဘာလှည့် ခရီးသည်များ ဓာတ်ပုံ မူပိုင် AP
Image caption ထိုင်းရောက် ကမ္ဘာလှည့် ခရီးသည်များ

ထိုင်းနိုင်ငံကို ခေတ္တအလည်အပတ် ရောက်လာတဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေရဲ့ မိုဘိုင်းဖုန်းတွေ ပိတ်ထားပေမယ့် ခြေရာခံလို့ရ နိုင်မယ့် အထူးဆင်မ်ကဒ်တွေ သုံးဖို့ အစီအစဉ်တခု ထိုင်းအစိုးရက ကြေညာလိုက်ပါတယ်။

ဒီလိုလုပ်မယ့် အစီအစဉ်ကို ထိုင်းတယ်လီဖုန်း ဆက်သွယ်ရေး ကြီးကြပ်သူတွေက မူအားဖြင့်သဘောတူပြီး ကိုယ်ရေးကိုယ်တာ ကိစ္စကို ထိခိုက်နိုင်တယ်ဆိုတဲ့ အချက်ကို ငြင်းပယ်လိုက်ပါတယ်။

အခုအဆိုပြုချက်ဟာ ပစ်မှု ကျူးလွန်တာကို ကာကွယ်ဖို့နဲ့ ဒုက္ခရောက်တဲ့သူတွေကို ရှာနိုင်အောင် ရည်ရွယ်တာလို့ဆိုပါတယ်။

ထိုင်းမှာ နေထိုင်ခွင့်ရကြတဲ့ နိုင်ငံခြားသားတွေ အခုခြေရာခံလို့ရတဲ့ အထူး ဆင်ကဒ်မျိုး မလိုအပ်ပါဘူး။ ဒီကဒ်သုံးစွဲသူတွေအနေနဲ့ ကိုယ့်တိုင်းပြည် ပြန်ရောက်တဲ့အခါလည်း ဒီကဒ်ကို သုံးလို့ရမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ