အလက်ပ်ပိုမှာ ရုရှားက တစ်နေ့ကို ၃ နာရီ အပစ်ရပ်ပေးမယ်

  • 10 ဩဂုတ် 2016
_aleppo_syria_
Image caption အလက်ပ်ပို မြို့မှာ ရုရှားက ကျောထောက် နောက်ခံ ပြုပေး နေတဲ့ ဆီးရီးယား အစိုးရတပ်နဲ့ သူပုန် အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်။

ဩဂုတ်လ ၁၁ ရက် ကြာသပတေးနေ့ က စလို့ ဆီးရီးယား နိုင်ငံထဲမှာ ချထားတဲ့ ရုရှား တပ်တွေ ဟာ အလက်ပ်ပို မြို့မှာ စစ်ရေး ဆိုင်ရာ လှုပ်ရှား မှု တွေကို တစ်နေ့ ကို ၃ နာရီ ဆိုင်းငံ့ ပေး မယ် ဆိုပြီး ရုရှား အစိုးရ က ပြောပါတယ်။

ဒီလို ဆိုင်းငံ့ ပေးတာဟာ အလက်ပ်ပို မြို့ထဲကို လူသားချင်း စာနာ နားလည်တဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပို့ပေးနိုင်ဖို့ ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုပါတယ်။

ဒါပေမယ့် ကုလသမဂ္ဂ ရဲ့ အရေးပေါ် အကူအညီ ပေးရေး အဖွဲ့က အရာရှိ စတီဖင် အို ဘရိုင်ယန် ကတော့ အလက်ပ်ပို မြို့ထဲ လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေ လုံလုံ လောက်လောက် ပို့ပေး နိုင်ဖို့ အတွက်ဆို ၄၈ နာရီ ဆက်တိုက် အပစ်အခတ် ရပ်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

အလက်ပ်ပို မြို့မှာ ရုရှားက ကျောထောက် နောက်ခံ ပြုပေး နေတဲ့ ဆီးရီးယား အစိုးရတပ်နဲ့ သူပုန် အဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေပါတယ်။

မြို့ထဲ ပိတ်မိ နေပြီး ရေနဲ့ လျှပ်စစ် မီး မရှိပဲ နေနေရတဲ့ အရပ်သား ၂ သန်း ကျော်ကို အကူအညီ တွေ ပေးနိုင်ဖို့ ချက်ခြင်း အပစ်ရပ် ကြပါဆိုပြီး ကုလသမဂ္ဂက တိုက်တွန်း နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ