အလက်ပိုမှာ နေ့စဉ် အပစ်ရပ်မှု ရုရှား စတင်

ဓာတ်ပုံ မူပိုင် Reuters
Image caption အလက်ပိုမြို့ထဲက လူတွေအတွက် အကူအညီတွေ အရေးတကြီး လိုနေတယ်လို့ ကုလ ပြော။

ဆီးရီးယား နိုင်ငံ၊ အလက်ပိုမြို့က တိုက်ပွဲတွေကြား ပိတ်မိနေသူတွေ အတွက် ထောက်ပံ့ရေး အကူအညီတွေ ပေးနိုင်ဖို့ ဒီကနေ့ ကြာသပတေးနေ့ မနက်မှာ ရုရှားက ၃ နာရီကြာ အပစ်အခတ် ရပ်ဆိုင်း ပေးထားခဲ့တယ်လို့ ရုရှား စစ်တပ်က ပြောပါတယ်။

သူပုန်တွေ ဘက်ကရော အလားတူ အပစ်ရပ်ခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ကုလ သမဂ္ဂ ကတော့ အလက်ပိုမြို့က သိန်းနဲ့ချီတဲ့ လူတွေကို ထောက်ပံ့နိုင်ဖို့အတွက် နေ့စဉ် အပစ်ရပ်ချိန် ၃ နာရီဟာ တိုတောင်းလွန်း နေတယ်လို့ ပြောပါတယ်။

တချို့ သတင်းတွေ ကတော့ သူပုန်တွေ ထိန်းချုပ်ထားတဲ့ ဧရိယာ ဘက်ကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

အပစ်အခတ် ရပ်စဲချိန် ၃ နာရီ မပြည့်ခင်မှာပဲ ရုရှားနဲ့ ဆီးရီးယား အစိုးရက လေကြောင်း တိုက်ခိုက်မှုတွေကို ပြန်စခဲ့တယ်လို့လည်း အတည်မပြု နိုင်တဲ့ သတင်းတွေက ပြောပါတယ်။

IS အဖွဲ့ရဲ့ ခြေကုပ်မြို့ ဖြစ်တဲ့ ရက္ကာ မြို့မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ အတွင်း အရပ်သားတွေ အပါအဝင် အနည်းဆုံး လူ ၃၀ သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ