ကမ္ဘာ့အသက်ကြီးဆုံး သတ္တဝါ ဘယ်သူလဲ

  • 11 ဩဂုတ် 2016
Greenland shark
Image caption သာယာလှပတဲ့ ဂရင်းလန်ကျွန်း

ဂရင်းလန် ကျွန်းက ငါးမန်းဟာ ကျောရိုးရှိ သတ္တဝါတွေထဲမှာ အသက်အရှည်ဆုံး ဖြစ်တယ်လို့ တွေ့ရပါတယ်။

အသက် ၄ဝဝ ထိ ရှည်နိုင်တဲ့ ဂရင်းလန် ငါးမန်းဟာ အသက် ၁ဝဝ တမ်း သမုဒ္ဒရာ လိပ်ကြီးတွေ၊ ဝေလငါးတွေနဲ့ လူတွေထက် အသက်ပိုရှည်တယ်လို့ သိပ္ပွံ ပညာရှင်တွေက ကာဗွန် အသက်ခန့်မှန်းတဲ့ နည်းကို သုံးပြီး တွက်ချက် ခဲ့ပါတယ်။

ဂရင်းလန် ကျွန်းက ငါးမန်း အမတွေဟာ အသက် ၁၅ဝ ကျမှ အရွယ်ရောက်တယ်လို့လည်း သိရပါတယ်။

ဒီလို ဖွံ့ဖြိုးမှု နှေးကွေးလို့ အသက်ရှည်တာလို့လည်း ယူဆကြပါတယ်။

ဂရင်းလန် ကျွန်းက ငါးမန်းဟာ ၁၅ ပေထိ ရှည်နိုင်ပါတယ်။