အာဖဂန် IS အကြီးအကဲ သေပြီလို့ အမေရိကန်ဆို

  • 12 ဩဂုတ် 2016
afghanistan drone ဓာတ်ပုံ မူပိုင် AP
Image caption အမေရိကန် မောင်းသူမဲ့ယာဉ်

အာဖဂန်နဲ့ ပါကစ္စတန် က IS အစ္စလာမ္မစ်နိုင်ငံ အဖွဲ့ အကြီးအကဲကို အမေရိကန် မောင်းသူမဲ့ယာဉ်နဲ့ အရင်လက သတ်ဖြတ်နိုင်ခဲ့တယ်လို့ ပင်တာဂွန်က ဆိုပါတယ်။

Hafiz Saeed Khan ဟာ အရင် တာလီဘန် တပ်မှူးဟောင်း တယောက် ဖြစ်ပြီး အာဖဂန်မှာ အသေအပျောက်များတဲ့ တိုက်ခိုက်မှုတွေကို ခေါင်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အရင်ကလည်း သူသေပြီလို့ ပြောတာတွေ ရှိခဲ့ပါတယ်။

တခြား IS တပ်မှူးတွေလည်း အာဖဂန် အရှေ့ပိုင်းက နန်ဂဟာ ခရိုင်မှာ သတ်ဖြတ်ခံရတယ်လို့ ပါကစ္စတန် ဆိုင်ရာ အာဖဂန် သံအမတ်ကြီးက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ