ကလင်တန်တို့ မနှစ်က အခွန်စာရင်းကြေညာ

  • 13 ဩဂုတ် 2016
clinton hilary ဓာတ်ပုံ မူပိုင် AP
Image caption ကလင်တန် ဇနီးမောင်နှံ ဒေါ်လာ ၁ဝ သန်း ဝင်

အမေရိကန် ဒီမိုကရက်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်က သူ့ရဲ့ နောက်ဆုံး အခွန်ဆောင်ထားတဲ့ ပမာဏကို ကြေညာ ခဲ့ပါတယ်။

သူနဲ့ ပြိုင်ဘက် ဘီလျံနာ သူဌေး ဒေါ်နယ်ထရမ့်ကတော့ သူ့အခွန် ကိစ္စ အတွက် တရားဝင် စာရင်းစစ်နဲ့ လုပ်နေလို့ မပြနိုင်သေးဘူးလို့ ဆိုပါတယ်။

ပြည်တွင်း အခွန်ဌာနကတော့ မစ္စတာ ထရမ့် သူ့ အခွန်စာရင်း ပြနိုင်ပါတယ်လို့ ဆိုပါတယ်။

ကလင်တန် ဇနီးမောင်နှံ ၂ ယောက် မနှစ်က ဒေါ်လာ ၁ဝ ဒသမ ၆ သန်း ဝင်ခဲ့ပြီး သူတို့ကို အခွန် ၃၄ ရာခိုင်နှုန်းကျော် ဖြတ်တယ်လို့ သိရပါတယ်။

စာအုပ်ရေးတာ၊ ဟောပြောတာ၊ အကြံပေးတာတွေကနေ အဓိက ငွေဝင်တာပါ။

ဒီထဲက ဒေါ်လာ တသန်းကို ကလင်တန် ဖောင်ဒေးရှင်းလှူတာလို သူတို့ ကုန်ကျစရိတ် တဝက်လောက်ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ