ထရမ့်ကို ထောက်ခံမှု ရပ်ဆိုင်းဖို့ ပါတီဝင်တွေတောင်းဆို

ဓာတ်ပုံ မူပိုင် GETTY IMAGES
Image caption နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီ ကျရှုံး နိုင်တယ်လို့ တောင်းဆိုခဲ့ကြသူတွေက ပြော

သမ္မတလောင်း ဒေါ်နယ် ထရမ့် ကို ပါတီ အနေနဲ့ ထောက်ခံမှု ရပ်ဆိုင်းဖို့ ပါတီဝင် ၇၀ ကျော်က ရီပတ်ဘလီကန် ပါတီ ကော်မတီထံ ကို စာရေးသား ပေးပို့ တောင်းဆို လိုက်ပါတယ်။

ဒေါ်နယ် ထရမ့်ဟာ အရည်အချင်း မပြည့်မီတဲ့ ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ အပြင် သဘောထား ကွဲစေတဲ့ ပြောကြားချက်တွေကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် ပါတီ ကျရှုံး နိုင်တယ်လို့ တောင်းဆိုခဲ့ကြသူတွေက ပြောပါတယ်။

သူ့ကို ရွေးကောက်ပွဲ အနိုင်ရအောင် ပံ့ပိုးမှု ပေးမဲ့ အစား အထက်လွှတ်တော် နဲ့ ဆီးနိတ် တွေမှာ ပါတီ ကိုယ်စားလှယ်တွေ အနိုင်ရရှိအောင်သာ အဓိကထား လုပ်ဆောင် သင့်တယ်လို့လည်း စာထဲမှာ ဖော်ပြ ထားပါတယ်။

လက်မှတ်ရေးထိုး တောင်းဆို ခဲ့ကြသူတွေ ထဲမှာ ရီပတ်ဘလီကန် ပါတီက ကွန်ဂရက် အမတ်ဟောင်း တွေလည်း ပါဝင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ