ဆွစ်ဇာလန် ရထားပေါ် ဓားနဲ့ တိုက်ခိုက်

  • 14 ဩဂုတ် 2016
Switzerland ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ခိုက်မှု မလုပ်ခင် ရထား ကို မီးရှို့ဖို့ ကြိုးစား

ဆွစ်ဇာလန် နိုင်ငံ က ရထား တစီး ပေါ်မှာ လူတဦး က ဓား နဲ့ တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ခြောက်ဦး ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ပြီး တိုက်ခိုက် ခံရသူ အချို့တွေရဲ့ အသက် အန္တရာယ် ဟာ စိုးရိမ် ရပါတယ်။

တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ အသက် ၂၇ နှစ် အရွယ် ဆွစ် လူမျိုး ကို ဖမ်းဆီး ရမိထားပြီး အဲဒီ့ လူက တိုက်ခိုက်မှုတွေ မလုပ်ခင်မှာ ရထား ကိုလည်း မီးရှို့ဖို့ ကြိုးစား ခဲ့တယ်လို့ ရဲတပ်ဖွဲဝင် တဦး က ပြောပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်ပွား တဲ့ နေရာမှာ လုံခြုံရေး အမြောက်အများ ချထားပြီး အစွန်းရောက် တိုက်ခိုက်မှု ဟုတ် မဟုတ် ဆိုတာကိုတော့ စုံစမ်း စစ်ဆေး နေတုန်း ပဲလို့ တာဝန်ရှိသူတွေက ပြောကြား ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ