မားကိုးစ် ရုပ်အလောင်း သူရဲကောင်းမြေမှာ မမြှုပ်ရေး ကန့်ကွက်နေ

  • 14 ဩဂုတ် 2016
_philippines_marcos_
Image caption မားကို့စ် ရုပ်အလောင်းကို ဘားတက်မြို့မှာ ပြသထား။

ဖိလစ်ပိုင် နိုင်ငံ မှာ အာဏာရှင် သမ္မတဟောင်း ဖာဒီနန် မားကိုးစ် ရဲ့ ရုပ်အလောင်းကို သူရဲကောင်း သုသာန်မှာ ပြောင်းရွှေ့ မြှုပ်နှံ ခွင့် ပြုမယ့် အစီအစဉ် ကို မနီလာ မြို့တော်မှာ လူ တွေ ထောင်ပေါင်း များစွာ ဆန့်ကျင် ကန့်ကွက် ခဲ့ကြပါတယ်။

မိုးတွေ သည်းသည်းမည်းမည်း ရွာနေတဲ့ ကြားကပဲ ဆန္ဒပြ သမားတွေ ဟာ ချီတက် လှည့်လည် ခဲ့ကြပြီး အဲဒီ့ အစီအစဉ် ကို ပြန်လည် စဉ်းစား သုံးသပ် ပေးဖို့ လက်ရှိ သမ္မတ ရော့ဒီရီးဂို ဒူတားတေး ကို တောင်းဆို ခဲ့ကြ ပါတယ်။

အကျင့်ပျက် ခြစားမှုတွေ နဲ့ လူ့ အခွင့်ရေး ချိုးဖောက် မှုတွေကို ဆိုးဆိုးရွားရွား ကျုးလွန်ခဲ့သူ တစ်ဦး အဖြစ် သမ္မတ ဟောင်း မားကို့စ်ကို ဖိလစ်ပိုင် ပြည်သူတွေ သတ်မှတ် ထားတာ ဖြစ်ပါတယ်။

မစ္စတာ မားကိုစ်ဟာ ၁၉၈၆ ခုနှစ် မှာ ဖြုတ်ချ ခံခဲ့ရပြီး ၃ နှစ် အကြာ ပြည်ပမှာ ကွယ်လွန် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ