အီရန် ထဲ အခြေစိုက်ပြီး ရုရှား လေယာဉ်တွေ ဆီးရီးယား သူပုန်တွေကို တိုက်ခိုက်လာ

  • 16 ဩဂုတ် 2016
_russia_iran_syria
Image caption ဟာမီဒန် လေတပ် စခန်းကနေ ရုရှား ဗုံးကြဲ လေယာဉ် တွေနဲ့ တိုက်လေယာဉ် တွေ ပျံသန်း။

ဆီးရီးယား သူပုန်အုပ်စု တွေကို တိုက်ခိုက်ဖို့ အတွက် ရုရှား ဗုံးကြဲ လေယာဉ် တွေဟာ အီရန် နိုင်ငံထဲက လေတပ် အခြေစိုက် စခန်း တစ်ခုကို စတင် အသုံးပြုလာ ပါတယ်။

ဒုတိယကမ္ဘာ စစ် နောက်ပိုင်း ရုရှား တပ်တွေ ပထမဆုံးအကြိမ် အီရန် နိုင်ငံထဲ နေရာ ချလာတာ ဖြစ်ပါတယ်။

အီရန် နိုင်ငံ အနောက်ဘက်ပိုင်း ဟာမီဒန် လေတပ် စခန်းကနေ ရုရှား ဗုံးကြဲ လေယာဉ် တွေနဲ့ တိုက်လေယာဉ် တွေ ပျံသန်း ခဲ့တယ် ဆိုပြီး ရုရှား အစိုးရက ကြေညာ ပါတယ်။

တခါ၊ ဆီးရီးယား နိုင်ငံထဲ အမေရိကန် ပြည်ထောင်စု နဲ့ အတူ ပူးပေါင်း ညှိနှိုင်းပြီး စစ်ရေး ဆောင်ရွက်ချက် တွေ ပြုမူဖို့ သဘောတူ ထားတဲ့ အတိုင်း လက်တွေ့ အကောင်အထည် ဖော်ကြ မလား ဆိုတာကို နှစ်နိုင်ငံကြား ဆွေးနွေး ခဲ့တယ် လို့ ရုရှား ကာကွယ်ရေး ဌာနက ပြောပါတယ်။

ဒီ အရေး ကိစ္စနဲ့ ပတ်သက်ပြီး ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ်နဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တို့ကြား တယ်လီဖုန်း နဲ့ ဆက်သွယ် စကား ပြောခဲ့ ကြတယ် လို့ ဆိုပါတယ်။

အမေရိကန် ဘက်ကတော့ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ ဆိုရင် လုပ်ဆောင် ရမှာ တွေ ရှိသေးတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ