ယူကေ အစွန်းရောက် တရားဟော ဆရာကို အပြစ်ရှိကြောင်း ဆုံးဖြတ်နိုင်

anjem_choudary ဓာတ်ပုံ မူပိုင် Getty
Image caption အန်ဂျမ် ချောင်ဒရီ ကို တရားရုံး တင် နိုင်ဖို့ နှစ်ပေါင်း ၂ဝ လောက် အချိန်ယူ ခဲ့ရ။

အစ္စလာမ်မစ် အစွန်းရောက် တရားတွေကို ဟောတဲ့သူ ဆိုပြီး နာမည်ဆိုး ထွက်တဲ့ ဗြိတိန် နိုင်ငံက အန်ဂျမ် ချောင်ဒရီ ဆိုတဲ့ ဘာသာရေး ဆရာဟာ အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS အပေါ် ထောက်ခံရေး တွေ ပြောဟော ခဲ့မှု နဲ့ အပြစ်ရှိကြောင်း တရားရုံးတော်က ဆုံးဖြတ် ခဲ့ပါတယ်။

အန်ဂျမ် ချောင်ဒရီ နဲ့ အတူ သူ့ရဲ့ လူယုံ တစ်ယောက် ဖြစ်တဲ့ မိုဟာမက်ဒ် မစ်ဇာနူ ရာမန် ဆိုသူ ကိုပါ အပြစ် ရှိကြောင်း ဆုံးဖြတ် ခဲ့တာပါ။

သူတို့ နှစ်ဦးကို ရှေ့လကျရင် ပြစ်ဒဏ် ချမှတ် မှာ ဖြစ်ပါတယ်။

လူငယ် အမျိုးသား၊ အမျိုးသမီး တွေကို ဘာသာရေး အစွန်းရောက် တရားထဲ သိမ်းသွင်း မှုနဲ့ အန်ဂျမ် ချောင်ဒရီ ကို အခုလို တရားရုံး တင် အပြစ်ပေး အရေးယူ နိုင်ဖို့ အတွက် ဗြိတိန်ရဲ့ အကြမ်းဖက် တိုက်ဖျက်ရေး ဌာနက နှစ်ပေါင်း ၂ဝ လောက် အချိန်ယူ ခဲ့ရပါတယ်။

တရားရုံးရဲ့ အဆုံးအဖြတ်ဟာ ပြီးခဲ့တဲ့ လ ကတည်းက ထွက်ပေါ် ခဲ့တာ ဖြစ်ပေမယ့်၊ ဥပဒေကြောင်း ဆိုင်ရာ အချက် အတွေ အရ အခုမှပဲ တရားဝင် သတင်း ထုတ်ပြန် ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ