ကယ်လီဖိုးနီးယား မှာ တောမီးတွေ အကြီးအကျယ် လောင်နေ

  • 18 ဩဂုတ် 2016
california_wild_fire
Image caption သောင်းနဲ့ချီတဲ့ ဒေသခံတွေကို အိုးအိမ်တွေက စွန့်ခွာ သွားကြဖို့ အမိန့်ထုတ် ထား။

အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် မှာ နေရ ၈ နေရာမှာ တောမီး အကြီးအကျယ် လောင် နေတဲ့ အတွက် မီးသတ် တပ်ဖွဲ့ဝင် အင်အား အယောက် တစ်သောင်း လောက်က ကြိုးစား ငြိမ်းသတ် နေရတယ်လို့ ပြည်နယ် အာဏာပိုင်တွေက ပြောပါတယ်။

လော့အိန်ဂျလိစ် မြို့နဲ့ လာ့စ်ဗေးဂတ်စ် မြို့ တို့ ဆက်သွယ် ထားတဲ့ အဓိက ကားလမ်းမ နဲ့ ရထားလမ်းတို့နဲ့ မဝေးလှ တဲ့ နေရာမှာ လောင်ကျွမ်း နေတဲ့ တောမီးကို လုံးဝ မထိန်းချုပ် နိုင်သေးဘူးလို့ လည်း ဆိုပါတယ်။

သောင်းနဲ့ချီတဲ့ ဒေသခံတွေကို အိုးအိမ်တွေက စွန့်ခွာ သွားကြဖို့ အမိန့်ထုတ် ထားပေမယ့်လည်း တချို့ကတော့ မလိုက်နာပဲ ရှိနေကြပါတယ်။

အဆောက်အဦ တချို့ မီးသင့် ခံခဲ့ရပြီး ဖြစ်တာမှာ အထဲမှာ လူ ပါသွားလား ဆိုတာကို ဆက်လက် ရှာဖွေ နေကြဆဲ ဖြစ်ပါတယ်။

ရာသီဥတု အပူချိန် မြင့်မားနေပြီး တချက် တချက် လေပြင်း တွေ တိုက်ခတ် နေတာကလည်း တောမီး တွေကို ပို အားကောင်း နေစေပါတယ်။

မီးသတ် အရာရှိ တစ်ဦး ကဆိုရင် သူ့ရဲ့ အမှုထမ်းသက် အနှစ် ၄ဝ အတွင်းမှာ အဆိုးရွားဆုံး ကြုံ တွေ့ ရတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ