မြောက်ကိုရီးယား သံတမန် ဆိုးလ်မှာ ခိုလှုံ

  • 17 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာ တေးယောင်ဟို (ယာ) တောင်ကိုရီးယားကို ရောက်နေပြီဆိုတာ အတည်ပြုနိုင်။

လန်ဒန်မြို့မှာ တာဝန်ကျတဲ့ မြောက်ကိုရီးယား ထိပ်တန်း သံတမန် တစ်ယောက်ဟာ တောင်ကိုရီးယားကို ဘက်ပြောင်း ခိုလှုံခဲ့တယ်လို့ ဆိုးလ်မြို့က အရာရှိတွေက ပြောပါတယ်။

မစ္စတာ တေးယောင်ဟို နဲ့ သူ့ရဲ့ မိသားစုကို တောင်ကိုရီးယား အစိုးရက စောင့်ရှောက် ထားတယ်လို့ တောင်ကိုရီးယား အရာရှိ တစ်ဦးက ပြောပါတယ်။

မစ္စတာ တေးဟာ လန်ဒန်မြို့က မြောက်ကိုရီးယား သံရုံးမှာ တာဝန်ကျတဲ့ လက်ထောက် သံအမတ် ဖြစ်ပြီး တောင်ကိုရီးယား ဘက်ကို ခိုလှုံတဲ့ မြောက်ကိုရီးယား အရာရှိတွေ ထဲမှာ သူက ရာထူး အမြင့်ဆုံး ဖြစ်လာပါတယ်။

လန်ဒန်မှာ ရှိနေစဉ် သူ့ရဲ့ အဓိက တာဝန်က မြောက်ကိုရီးယား အစိုးရအပေါ် အများက အကောင်းမြင်လာအောင် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ သူဟာ မိသားစုနဲ့အတူ ပြုံယမ်းကို ပြန်ရတော့မယ့် ဆဲဆဲ အခုလို တောင်ကိုရီးယား ဘက်ကို ခိုလှုံခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ တေး အနေနဲ့ မြောက်ကိုရီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တိုးပွားလာနေတဲ့ ဝေဖန်မှုတွေကို အဆုံးသတ်အောင် လုပ်ဖို့အတွက် ဖိအားတွေနဲ့ ကြုံနေခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

တောင်ကိုရီးယားကို ဘက်ပြောင်း ခိုလှုံစဉ် မစ္စတာ တေး ပေးခဲ့တဲ့ အကြောင်းပြချက်တွေက ကင်ဂျုံအန်း အစိုးရကို သူ မနှစ်မြို့တာ၊ တောင်ကိုရီးယားရဲ့ လွတ်လပ်ပြီး ဒီမိုကရေစီ ကျတဲ့ စနစ်ကို သဘောကျတာ၊ သူ့မိသားစု အနာဂတ်အတွက် စဉ်းစားတာ၊ စတာတွေ ဖြစ်တယ်လို့ တောင်ကိုရီးယား ပြောခွင့်ရသူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ