ဥရောပ အိုလံပစ် အရာရှိ ဘရာဇီးမှာ အဖမ်းခံရ

  • 17 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption နိုင်ငံတကာ အိုလံပစ် ကော်မီတီမှာလည်း မစ္စတာ ပက်ထရစ် ဟစ်ကီ ပါဝင်။

အိုလံပစ် ပြိုင်ပွဲတွေ ကျင်းပနေတဲ့ ဘရာဇီး နိုင်ငံ၊ ရီယိုမြို့မှာ ပြိုင်ပွဲ လက်မှတ်တွေ တရားမဝင် ရောင်းချမှုနဲ့ ဆက်စပ်ပြီး ဥရောပ အိုလံပစ် ကော်မတီ အကြီးအကဲ Patrick Hickey ကို ဘရာဇီး ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ပါတယ်။

၇၁ နှစ်အရွယ် မစ္စတာ ဟစ်ကီဟာ အိုလံပစ်ပွဲ လက်မှတ်တွေကို မှောင်ခိုစျေးမှာ ရောင်းဖို့အတွက် လက်လွှဲပေးခဲ့တယ် ဆိုတဲ့ သံသယနဲ့ အဖမ်းခံရတာလို့ ဘရာဇီး မီဒီယာတွေက ပြောပါတယ်။

မစ္စတာ ဟစ်ကီ အဖမ်းခံရပြီးနောက် မမာမကျန်း ဖြစ်တဲ့ အတွက် ဆေးရုံမှာ ကုသမှု ခံယူနေရပါတယ်။

မစ္စတာ ဟစ်ကီဟာ အိုင်ယာလန် အိုလံပစ် ကောင်စီရဲ့ အကြီးအကဲလည်း ဖြစ်ပြီး၊ သူ့ကို ဖမ်းဆီးစဉ်မှာ ထွက်ပြေးဖို့ ကြိုးပမ်းခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

မစ္စတာ ဟစ်ကီကို ဖမ်းဆီးတာဟာ ရီယို အိုလံပစ် ဖွင့်ပွဲနေ့က လက်မှတ် မှောင်ခိုမှုနဲ့ပဲ အိုင်ယာလန် နိုင်ငံသား Kevin James Mallon ကို ဖမ်းဆီးခဲ့မှုနဲ့ ဆက်စပ် နေတယ်လို့ ဘရာဇီး မီဒီယာတွေက ယူဆ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ