အိုလံပစ်ပွဲ လက်မှတ် မှောင်ခိုမှုနဲ့ အဖမ်းခံရသူ IOC တာဝန်တွေကို ယာယီစွန့်လွှတ်

  • 17 ဩဂုတ် 2016
olympics_tickets_arrest
Image caption စုံစမ်း စစ်ဆေးမှု တွေကနေ အဖြေ တစုံတရာ ထွက်မလာ ရာထူး တာဝန် တွေကနေ ရပ်နားမယ်။

ရီယို အိုလံပစ် ပွဲ လက်မှတ် တွေကို တရားမဝင် ရောင်းချခဲ့လို့ ဆိုပြီး ဘရာဇီးရဲတွေရဲ့ ဖမ်းဆီး စစ်ဆေးတာ ခံခဲ့ရတဲ့ ပက်ထရစ် ဟစ်ကီဟာ နိုင်ငံတကာ အိုလံပစ် ကော်မတီ IOC ထဲ သူတာဝန် ယူထားတဲ့ ထိပ်တန်း ရာထူး တွေကို ယာယီ စွန့်လွှတ် လိုက်ပါတယ်။

မစ္စတာ ဟစ်ကီဟာ IOC အဖွဲ့ရဲ့ အမှုဆောင် ဘုဒ် အဖွဲ့ဝင် တစ်ဦး ဖြစ်သလို၊ ဥရောပ အိုလံပစ် ကော်မတီ ရဲ့ ဥက္ကဌ ရာထူးနဲ့ အိုင်ယာလန် နိုင်ငံ အိုလံပစ် ကောင်စီ ရဲ့ အကြီးအကဲ ရာထူး တာဝန် တွေကို ရယူထား သူ ဖြစ်ပါတယ်။

ဘရာဇီး ရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှု တွေကနေ အဖြေ တစုံတရာ ထွက်မလာ မချင်း မစ္စတာ ဟစ်ကီ ဟာ သူ့ ရာထူး တာဝန် တွေကနေ ရပ်နား နေမှာ ဖြစ်တယ်လို့ အိြင်ယာလန် အာဏာပိုင် တွေရဲ့ ထုတ်ပြန်ချက်ထဲ ပါဝင် ပါတယ်။

အသက် ၇၁ နှစ် အရွယ် မစ္စတာ ဟစ်ကီဟာ အဖမ်း ခံခဲ့ရပြီးတဲ့ နောက် အခုဆိုရင် ကျန်းမာရေး အကြောင်း ပြချက်နဲ့ ဆေးရုံ တက်ရောက် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ