ထောင်ကျ အကျဉ်းသားဟောင်းတွေ တူရကီ လွှတ်ပေး

  • 17 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption တူရကီမှာ လက်ရှိ အကျဉ်းသား တစ်သိန်း ရှစ်သောင်း ခုနစ်ထောင်ကျော် ရှိနေပြီး ထပ်မံ ဖမ်းဆီးသူတွေနဲ့ မဆံ့မပြဲဖြစ်လာ။

တူရကီ နိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်း ဖမ်းဆီးမှုတွေကြောင့် အကျဉ်းထောင်တွေ ပြည့်လျှံ လာတဲ့အတွက် အရင်က ရှိနှင့်ပြီး ဖြစ်တဲ့ ထောင်ကျ အကျဉ်းသား ၃ သောင်း ၈ ထောင်ကို ရက်မစေ့ခင်မှာ အစိုးရက ခံဝန်ကတိနဲ့ လွှတ်ပေး လိုက်ပါတယ်။

အကျဉ်းထောင်တွေမှာ နေရာလွတ် ရှိဖို့အတွက် အခုလို အကျဉ်းသားဟောင်းတွေကို လွှတ်ပေးတာလို့တော့ အစိုးရက မပြောပေမယ့် ဇူလိုင်လက ဖြစ်ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးစားမှု နောက်ပိုင်းမှာ အစိုးရက ဖမ်းဆီးသူပေါင်း ၂ သောင်း ၃ ထောင်လောက် ရှိလာပြီ ဖြစ်ပါတယ်။

အပြစ်ဒဏ် ကျရက် ထက်ဝက် ကျခံပြီးသူတွေကို လွှတ်ပေးတယ်လို့ တူရကီ တရားရေး ဝန်ကြီးက ပြောပါတယ်။

အဲဒီလို လွှတ်ပေးတဲ့ အကျဉ်းသားတွေထဲမှာ လူသတ်မှု၊ လိင်ပိုင်းဆိုင်ရာ အမှု ကျူးလွန်သူတွေတော့ မပါဘူးလို့ သူက ဆိုပါတယ်။

အာဏာသိမ်းဖို့ ကြိုးပမ်းမှု နောက်ပိုင်း ဖမ်းဆီး ဖြိုခွင်းမှုတွေကြောင့် အကျဉ်းထောင်တွေမှာ ပြည့်လျှံလာပြီး ထိန်းသိမ်းဖို့အတွက် နေရာလွတ်တွေ အရေးတကြီး လိုနေတာတော့ အသေအချာပဲလို့ အီစတန်ဘူလ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ