ဆီးရီးယား အပစ်ရပ်ရေး ရုရှားထောက်ခံ

  • 19 ဩဂုတ် 2016
ဆီးရီးယားအစိုးရကို ကူပြီးရုရှားကဗုံးကြဲပေး ဓာတ်ပုံ မူပိုင် .
Image caption ဆီးရီးယားအစိုးရကို ကူပြီးရုရှားကဗုံးကြဲပေး

အစိုးရတပ်တွေ ဖြစ်စေ သူပုန်တပ်တွေဖြစ်စေ သူတို့ရဲ့ လက်အောက်မှာ ပိတ်မိနေတဲ့ သန်းချီတဲ့ဒုက္ခသည်တွေဆီ အထောက်အပံ့ ပစ္စည်းတွေရောက်အောင် အတိုက်ရပ်ပေးဖို့ ကုလသမဂ္ဂ အထူးသံတမန် Staffan de Misturaက အလေးအနက်တောင်းဆိုသွားပါတယ်။

အခုတော့ အလက်ပိုမှာ မရှိမဖြစ်လိုအပ်တဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ ပို့ခွင့်ပြုဖို့ ၄၈နာရီ အပစ်ရပ်ရေး ရုရှားက ကူညီဖို့ အဆင်သင့်ပဲလို့ ရုရှား ကာကွယ်ရေး ဝန်ကြီးရုံးက ကြေညာခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကြားမှ လူပေါင်း၁သန်းခွဲလောက် ပိတ်မိနေတယ်လို့ ခန့်မှန်းရပါတယ်။

ဆီးရီးယား အစိုးရကိုရုရှားက လေကြောင်းကနေကူညီတိုက်ခိုက် ပေးနေပြီး စမ်းသပ် အစီအစဉ် အဖြစ် အကူအညီ ပို့ပေးနိုင်အောင် လာမယ့်အပတ်မှာ ခေတ္တပထမဆုံး အကြိမ်အပစ် ရပ်ပေးမယ်လို့ဆိုပါတယ်။ နောက်ထပ်ဆက် အပစ်မရပ်မီ ကယ်ဆယ်ရေး ပစ္စည်းတွေကို အလက်ပိုရှိ အစိုးရရော အတိုက်အခံတို့ပါ ထိန်းချုပ်ထားတဲ့ နေရာတွေကို ဘေးကင်းစွာ တကယ်ရောက်ဖို့ လိုလားတယ်လို့ ရုရှားပြောပါတယ်။ ရုရှားတို့ဘက်က ကယ်ဆယ်ရေး ပစ္စည်းပို့တဲ့ ယာဉ်တန်းတွေရဲ့လုံခြုံရေးပေးဖို့ ဆီးရီးယား အစိုးရ လက်ခံအောင် ဆောင်ရွက်ပေးနိုင်တယ်လို့လည်း ပြောပါတယ်။ အတိုက်ခံ တပ်ဖွဲ့တွေ ဘက်ကလည်း အလားတူ အာမခံချက် တွေပေးဖို့ အမေရိကန်က လုပ်ပေးဖို့ ရုရှားက ပြောပါတယ်။

ကုလသမဂ္ဂ အထူးသံတမန်ကတော့ ရုရှားတို့ရဲ့ ပြောကြားချက်ကို ကြိုဆိုလိုက်ပြီး အဲဒီအတိုင်း ဆီးရီယား အစိုးရက လိုက်နာအောင် ရုရှားတို့ဘက်က တကယ်လုပ်ပြရမယ့် အလှည့်ရောက်ပြီလို့ ပြောကြားသွားပါတယ်။