တရုတ် ကုမ္ပဏီတွေကို ဟန့်တားခဲ့တဲ့ ဩစတြေးလျကို တရုတ် ဝေဖန်

  • 19 ဩဂုတ် 2016
ausgrid
Image caption အော့စ်ဂရစ် ကို ဒေါ်လာ ၇.၆ ဘီလီယံ ပေး ဝယ်ယူမယ် ဆိုတဲ့ တရုတ် ကုမ္ပဏီ တွေ ရဲ့ ကမ်းလှမ်းမှုကို ဩစတြေးလျ ပယ်ချ။

ဩစတြေးလျ နိုင်ငံထဲ လျှပ်စစ် ဖြန့်ဖြူး ပေးနေတဲ့ အကြီးဆုံး လုပ်ငန်း ဖြစ်တဲ့ အော့စ်ဂရစ် ကို တရုတ် ကုမ္ပဏီ နှစ်ခုက ဝယ်ယူမှာကို ဩစတြေးလျ အာဏာပိုင်တွေက ကြားဝင် ဟန့်တား ခဲ့တဲ့ လုပ်ရပ် အပေါ် တရုတ် အစိုးရက ဝေဖန် လိုက်ပါတယ်။

ဩစတြေးလျ အာဏာပိုင်တွေ ရဲ့ လုပ်ရပ်ဟာ အနာဂတ် မှာ တရုတ် ဘက်က ရင်းနှီးမြှုပ် နှံမှုတွေ ပြုလုပ်မယ့် အလားအလား တွေ ကိုပါ အကြီးအကျယ် ထိခိုက် သွားစေတယ် လို့ ဆိုပါတယ်။

အော့စ်ဂရစ် ကို ဒေါ်လာ ၇.၆ ဘီလီယံ ပေး ဝယ်ယူမယ် ဆိုတဲ့ တရုတ် ကုမ္ပဏီ တွေ ရဲ့ ကမ်းလှမ်းမှုကို ပယ်ချ လိုက်ကြောင်း ပြီးခဲ့တဲ့ သောကြာ နေ့ကပဲ ဩစတြေးလျ အစိုးရက တရားဝင် ကြေညာ ခဲ့ပါတယ်။

လုံခြုံရေး ဆိုင်ရာ အခြေခံ အကြောင်း တွေကြောင့် လို့ ဩစတြေးလျ အစိုးရက ပြောပေမယ့် အသေးစိတ် ကိုတော့ မထုတ်ပြန် သလို၊ နိုင်ငံရေး ကစားတာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ