အမေရိကန် အိုလံပစ် ကော်မတီ က ဘရာဇီး ပြည်သူတွေ ကို တောင်းပန်

  • 19 ဩဂုတ် 2016
brazil_swimmers_police_station
Image caption အများသုံး အိမ်သာကို ဖျက်ဆီး ခဲ့တဲ့ လုပ်ရပ် ကို ဖုံးကွယ် ချင်လို့ အဲဒီ့ ရေကူးသမားတွေက ချဲ့ကား ပြောခဲ့တာ ဖြစ်နိုင်။

အိုလံပစ် အားကစားပွဲတော် ကျင်းပ နေတဲ့ ရီယို မြို့တော်မှာ အမေရိကန် ရေကူး အားကစားသမား လေးယောက် က သူတို့ လုယက် ခံခဲ့ရတယ်လို့ အစောပိုင်းတုန်း က ပြောဆို ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် အိုလံပစ် ကော်မတီ က ဘရာဇီး ပြည်သူတွေ ကို တောင်းပန် လိုက်ပါတယ်။

သေနတ်ပြ ခြိမ်းခြောက်ပြီး လုယက် ခံခဲ့ရတယ် ဆိုတဲ့ အမေရိကန် ရေကူးသမားတွေရဲ့ စွပ်စွဲ ချက်တွေ နဲ့ ကွဲလွဲ နေတဲ့ သက်သေ အထောက်အထားသစ်တွေ ထွက်ပေါ် လာခဲ့တဲ့နောက် ၊ အမေရိကန် အိုလံပစ် ကော်မတီ က အခုလို တောင်းပန် စကား ဆိုလာတာ ဖြစ်ပါတယ်။

ဓာတ်ဆီဆိုင် တစ်ဆိုင်ရဲ့ အများသုံး အိမ်သာကို ဖျက်ဆီး ခဲ့တဲ့ လုပ်ရပ် ကို ဖုံးကွယ် ချင်လို့ အဲဒီ့ ရေကူးသမားတွေက ချဲ့ကား ပြောခဲ့တာ ဖြစ်နိုင်တယ်လို့ ဘရာဇီးရဲ တွေက သံသယ ရှိ ခဲ့ကြ ပါတယ်။

အဲဒီ့ ကစားသမားတွေ ရဲ့ အပြုအမူဟာ လက်မခံ နိုင်ဖွယ်ရာ ဖြစ်ပြီး အမေရိကန် အိုလံပစ် တစ်ဖွဲ့လုံး ရဲ့ စံနှုန်း တန်ဖို့းတွေကိုလည်း ကိုယ်စား မပြုဘူး လို့ အမေရိကန် အိုလံပစ် ကော်မတီ က ဆိုပါတယ်။

အဲဒီ့ ၄ ယောက်ထဲ ရွှေတံဆိပ်ဆုရှင် ရိုင်ယန် လော့ခ်တေး လည်း ပါဝင် နေပြီး လော့ခ်တေး အပါအဝင် ၃ ယောက် ကတော့ ဘရာဇီး ကနေ ထွက်ခွာ သွားကြပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ