မသန်စွမ်း အိုလံပစ် ရန်ပုံငွေ အများကြီး လျှော့ချနိုင်

  • 20 ဩဂုတ် 2016
paralympic rio ဓာတ်ပုံ မူပိုင် Getty
Image caption ရီယို မသန်စွမ်း အိုလံပစ် အားကစား ပွဲတော် ဘဏ္ဍာရေး အခက်နဲ့ ကြုံ

ပါရာလံပစ် မသန်စွမ်း အိုလံပစ် အားကစားပွဲတော် ရီယိုမှာ စဖို့ သီတင်းပတ် ၃ ပတ် တောင် မလိုတဲ့အချိန်မှာပဲ အဲဒီအားကစားပွဲ ရန်ပုံငွေ တွေ သိသိသာသာ ဖြတ် တော့မယ် ဆိုတဲ့ သတင်းထွက်လာပါတယ်။

နိုင်ငံတကာ ပါရာလံပစ် ကော်မီတီ က အားကစားပွဲတွေ လုပ်သွားမှာ ဖြစ်ပေမယ့် ဘဏ္ဍာရေး လိုအပ်ချက်တွေ လက်မှတ်တွေ နည်းနည်းပဲရောင်းရ တာတွေ ဖြစ်တဲ့အတွက် အစီအစဉ်တွေ ကို အရင်စီစဉ်ထားသလို မဟုတ်ပဲ လျှော့ချ သွားရလိမ့်မယ် လို့ ဆိုပါတယ်။

ကျင်းပမယ့် နေရာတွေ ကိုလျှော့ချ ရမှာဖြစ်ပြီး ဝန်ထမ်း အရေအတွက်လည်း လျှော့သွားရမှာပါ။

နိုင်ငံတကာ ပါရာလံပစ် ကော်မီတီ ရဲ့ ဥက္ကဌ ဆာ ဖိလစ် ကရာဗန် က ဒါမျိုး သမိုင်းမှာ တခါမှ မကြုံခဲ့ရဘူးသေးဘူးလို့ ပြောပြီး သူတို့အနေနဲ့ ဒီပြဿနာ ကို ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတာ ကို အင်အားစိုက်ထုတ် ပြီး လုပ်ဆောင် သွားမယ်လို့ ကတိပေးသွားပါတယ်။