တူရကီ မင်္ဂလာဆောင်မှာ အသေခံ ဗုံးခွဲမှု ဖြစ်ပွား

  • 21 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Reuters
Image caption ဂါဇီယန်တပ် မြို့က မင်္ဂလာ ဆောင် တစ်ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွား

တူရကီ နိုင်ငံမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ကြောင့် အနည်းဆုံး လူ ၂၂ ဦး သေဆုံး ခဲ့ရပြီး နောက်ထပ် လူ ၉၀ ကျော် ဒဏ်ရာ အပြင်းအထန် ရရှိ ခဲ့ပါတယ်။

နိုင်ငံ အရှေ့တောင်ပိုင်း က ဂါဇီယန်တပ် မြို့က မင်္ဂလာ ဆောင် တစ်ခုမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွား ခဲ့တာပါ။

အကြမ်းဖက် တိုက်ခိုက် ခံရမှု ဖြစ်တယ်လို့ မြို့အုပ်ချုပ်ရေးမှူး အလီယာလီ ကာယား က ပြောပါတယ်။

တိုက်ခိုက်မှုတွေ ကို အစ္စလာမစ် နိုင်ငံ အဖွဲ့က လုပ်တာ လို့ AK ပါတီ ခေါင်းဆောင် တစ်ဦး က Twitter မှာ ထုတ်ဖော် ရေးသား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ