ယီမင် က ဟွန်သီ သူပုန်ကို ထောက်ခံတယ်လို့ ဆန္ဒပြသူတွေပြော

  • 20 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AFP
Image caption ဟွန်သီ သူပုန်တွေကိုလည်း ဆန္ဒပြ သမားတွေက ထောက်ခံ ပြောကြားမှုတွေ လုပ်ခဲ့ကြ

ယီမင် နိုင်ငံမှာ ဆော်ဒီအာရေးဘီးယား နိုင်ငံက ဦးဆောင်ပြီး လေကြောင်း တိုက်ခိုက် နေမှုတွေကို သိန်းနဲ့ ချီတဲ့ လူတွေက ကန့်ကွက် ဆန္ဒပြမှုတွေ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်က ယီမင် မြို့တော် ဆန်နား ကို သိမ်းပိုက် ခဲ့ပြီး နိုင်ငံတကာ အသိအမှတ်ပြု အစိုးရ အဖွဲ့ကို ဖြုတ်ချ ခဲ့တဲ့ ဟွန်သီ သူပုန်တွေကိုလည်း ဆန္ဒပြ သမားတွေက ထောက်ခံ ပြောကြားမှုတွေ လုပ်ခဲ့ကြပါတယ်။

ဆော်ဒီ ဦးဆောင်တဲ့ ညွှန့်ပေါင်း အဖွဲ့တွေက သမ္မတ နန်းတော် အနီးအနား က ဟွန်သီ သူပုန်တွေ တပ်တွေ ရှိတဲ့ တောင်ကုန်း တွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ် နေတာ ဖြစ်ပါတယ်။

ဆော်ဒီ နိုင်ငံ အနေနဲ့ ယီမင် နိုင်ငံမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေစဉ် အတွင်း လူ့အခွင့်အရေးတွေကို လေးစား လိုက်နာခြင်း မရှိဘူးလို့ နိုင်ငံတကာ အဖွဲ့အစည်း တွေက ဝေဖန် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ