ရီယို အိုလံပစ်ပွဲတော် ပြီးဆုံးပြီ

  • 21 ဩဂုတ် 2016
_rio_olymbic_concluded
Image caption ဂရိတ် ဗြိတိန် အသင်းက ရွှေ ၂၇ ဆု ရခဲ့တဲ့ အတွက် တရုတ် ထက် ရွှေတစ်ခု အသာနဲ့ ဆုတံဆိပ် ဇယားမှာ ဒုတိယ နေရာ ချိတ်ခဲ့ ပါတယ်။

၂၀၁၆ ရီယို အိုလံပစ် ပွဲတော် ရဲ့ ပိတ်ပွဲ အခမ်းအနား ကျင်းပ ခဲ့ပြီ ဖြစ်ပါတယ်။

ရီယို အိုလံပစ်ရဲ့ နောက်ဆုံး ရွှေတံဆိပ်ဆု ကို NBA က နာမည်ကျော် ကစားသမားတွေ ပါဝင်တဲ့ အမေရိကန် အမျိုးသား ဘတ်စ်ကက်ဘော အသင်း ကပဲ အများ ခန့်မှန်း ထားကြတဲ့ အတိုင်း ဆားဘီယား အသင်းကို နိုင်ပြီး ဆွတ်ခူး သွားပါတယ်။

သီတင်း နှစ်ပတ်ကြာ ကျင်းပ ခဲ့တဲ့ ရီယို အိုလံပစ်ပွဲမှာ အားကစားသမား တစ်သောင်း တစ်ထောင် သုံးရာ့ သုံးယောက် ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး၊ ရွှေတံဆိပ် ပေါင်း ၃ဝ၆ ခုကို ဆွတ်ခူး ခဲ့ကြပါတယ်။

ဂရိတ် ဗြိတိန် အသင်းက အားကစားနည်း ၁၅ နည်း မှာ ဝင်ရောက် ယှဉ်ပြိုင် ခဲ့ပြီး စုစုပေါင်း ရွှေ ၂၇ ဆု ရခဲ့တဲ့ အတွက် တရုတ် ထက် ရွှေတစ်ခု အသာနဲ့ ဆုတံဆိပ် ဇယားမှာ ဒုတိယ နေရာ ချိတ်ခဲ့ ပါတယ်။

အမေရိကန် အသင်းကတော့ စုစုပေါင်း ရွှေ ၄၆ ခုနဲ့ ဆုတံဆိပ် ဇယား မှာ ဗိုလ်စွဲ ခဲ့ ပါတယ်။

နောက်တစ်ကြိမ် အိုလံပစ် ပွဲတော်ကို နောင် ၄ နှစ် အကြာ ၂ဝ၂ဝ မှာ ဂျပန် နိုင်ငံ တိုကျို မြို့တော် က အိမ်ရှင် အနေနဲ့ လက်ခံ ကျင်းပ မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ