မူးယစ် သံသယမှုနဲ့ သတ်ခံရသူ ရှစ်ရာကျော်ပြီ

  • 21 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင်
Image caption ဖိလစ်ပိုင် သမ္မတ ရော့ဒရီဂို ဒူတာတေး

ဖိလစ်ပိုင် သမ္မတက မူးယစ်ဆေးဝါး နှိမ်နင်း တိုက်ခိုက်တာဟာ နိုင်ငံတကာ ဥပဒေအရ ပြစ်မှု ကျူးလွန်တဲ့ သဘောမျိုး ကုလသမဂ္ဂက ဝေဖန်လိုက်တဲ့အတွက် ဖိလစ်ပိုင်ဟာ ကုလသမဂ္ဂအဖွဲ့ကြီးကနေ နှုတ်ထွက်မယ်လို့ ပြန်လည် တုန့်ပြန် လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလရွေးကောက်ပွဲမှာ ဒူတာတေးအပြတ်အသတ်နိုင်ပြီး ဇွန်လမှာ သမ္မတအဖြစ် ကျမ်းသစ္ စာကျိန်ဆိုခဲ့ပါတယ်။

သူအာဏာ ရလာတဲ့အချိန်မှာ မူးယစ်ဆေးဝါး ကုန်ကူးမှု အမြစ်ဖြတ်ချေမှုန်းတဲ့ အနေနဲ့ မူးယစ်မှောင်ခိုသူတွေကို ပစ်သတ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

သူအရွေးခံရပြီးကတဲက ဒီကနေ့အထိ မူးယစ်ကုန်ကူးသူတွေအဖြစ် မသင်္ကာသူပေါင်း ၉၀၀လောက် သတ်ပစ်ခဲ့ပါတယ်။

အခုလို တရားစီရင်မှု မရှိပဲကွပ်မျက်တာဟာ ဥပဒေနဲ့မညီပဲ အခြေခံ လူ့အခွင့်အရေး ဖေါက်ဖျက်ရာရောက်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းနဲ့ ကုလ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့တို့က ရှုတ်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ ကုလသမဂ္ဂ လူ့အခွင့်အရေးပညာရှင်တွေက သမ္မတအနေနဲ့ ရဲနဲ့လူထုကို မူးယစ်မှောင်ခိုအဖြစ် မသင်္ကာသူတွေကို ပစ်သတ် မိန့်ပေးတာဟာ အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုကို လှုံ့ဆော် တဲ့ အတွက် နိုင်ငံတကာဥပဒေအရ ပြစ်မှုမြောက်တယ်လို့ ပြောခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ သမ္မတဒူတာတေးက ကုလသမဂ္ဂကို အပြင်းအထန် တုန့်ပြန်လိုက်ပြီး ကျွမ်းကျင်သူတွေ အနေနဲ့ မူးယစ်ဆေးကြောင့် သေဆုံးသွားရတဲ့ အရေအတွက်ကို စုံစမ်းသင့်တယ်လို့ သူတို့ကို အသုံးမကျသူတွေအဖြစ် သတ်မှတ် ခေါ်ဝေါ်လိုက်ပါတယ်။

ဒါကြောင့် ကုလသမဂ္ဂဘက်က အခုလို ခပ်ကြမ်းကြမ်းပြောလာရင် ဒီအဖွဲ့ကြီးက နှုတ်ထွက်ရုံပဲရှိတယ်၊ အဖွဲ့ကြီးအနေနဲ့ အလုပ်မဖြစ်ပဲ ဝေဖန်တာလောက်ပဲ လုပ်တဲ့အတွက် အဖွဲ့ကနေ ထုတ်ချင် ထုတ်ပစ်လိုက်ပါလို့ ဆိုပါတယ်။

သမ္မတဒူတာတေးဟာ ဖိလစ်ပိုင်ရဲ့ တတိယအကြီးဆုံး Davoa ရဲ့မြို့တော်ဝန်အဖြစ်၂၂နှစ်တာဝန်ယူခဲ့ပြီး သူ့ရဲ့ ခပ်ကြမ်းကြမ်း ပြုမူဆောင်ရွက်ချက်တွေနဲ့ အငြင်းပွားစရာ ပြောဆိုမှုတွေကြောင့် သူ့ကို လူတွေက ပြစ်ဒဏ်ချမှတ်တဲ့ အပြစ်ပေးသမားကြီးလို့ ခေါ်ဝေါ်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ