ဂျပန်ဝန်ကြီးချုပ် ဇနီးသည် ပုလဲဆိပ်ကမ်းကို သွားရောက်

  • 22 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Getty
Image caption ပန် ဝန်ကြီးချုပ် လည်း မကြာခင်မှာ လာရောက် လိမ့်မယ်လို့ ခန့်မှန်း နေကြ

ဂျပန် ဝန်ကြီးချုပ် ရဲ့ ဇနီးသည်ဟာ ဟာဝိုင်ယီ က ပုလဲ ဆိပ်ကမ်း ကို သွားရောက် လည်ပတ် ခဲ့ပါတယ်။

ပုလဲ ဆိပ်ကမ်း မှာ ဂျပန်ရဲ့ ဗုံးကြဲ တိုက်ခိုက် မှုကြောင့် သေဆုံး ခဲ့ရ သူတွေ ရဲ့ သင်္ချိုင်းမှာလည်း လွမ်းသူ ပန်းခွေ သွားရောက်ချထား ခဲ့ပါတယ်။

ဟာဝိုင်ယီ မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ညီလာခံ တစ်ခု ကို တက်ရောက် ဖို့ အတွက် ဂျပန် ဝန်ကြီးချုပ် ရဲ့ ဇနီးသည် အေကီ အာဘေး ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဟာဝိုင်ယီမှာ အခုလို လွမ်းသူ ပန်းခွေလာရောက် ချခဲ့တဲ့ အတွက် ဂျပန် ဝန်ကြီးချုပ် လည်း မကြာခင်မှာ လာရောက် လိမ့်မယ်လို့ ခန့်မှန်း နေကြပါတယ်။

အကယ်၍ ရှင်ဇို အာဘေး သာ ဟာဝိုင်ယီ ကို လာရောက် ခဲ့မယ် ဆိုရင် တာဝန်ထမ်းဆောင်ဆဲ ဂျပန် ဝန်ကြီးချုပ် တစ်ယောက် ရဲ့ ပထမဉီးဆုံး လာရောက် လည်ပတ်မှု ဖြစ်မှာပါ။

ပြီးခဲ့တဲ့ မေလမှာတုန်း က အမေရိကန် သမ္မတ အိုဘားမား ဟာ ဒုတိယ ကမ္ဘာစစ် အတွင်းက အနုမြူ ဗုံးဒဏ် ခံခဲ့ရတဲ့ ဂျပန် နိုင်ငံ ဟီရိုရှီးမား မြို့ ကို သွားရောက် ခဲ့ပါတယ်။

ဂျပန် က ပုလဲ ဆိပ်ကမ်း ကို ဝင်ရောက် တိုက်ခိုက်မှု ကြောင့် အမေရိကန် နိုင်ငံဟာ ဒုတိယ ကမ္ဘာစစ်မှာ ဝင်ရောက် တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ