ဖိလစ်ပိုင်မှာ မူးယစ် သံသယမှု နဲ့ သတ်ခံရသူ ၂ ဆကျော် မြင့်တက်

ဓာတ်ပုံ မူပိုင် AP
Image caption ကုလသမဂ္ဂနေ နှုတ်ထွက်မယ်လို့ သမ္မတ ဒူတာတေးက ခြိမ်းခြောက် ပြောကြား

ဖိလစ်ပိုင် နိုင်ငံ မှာ မူးယစ် ဆေးဝါး ရောင်းဝယ်မှု နဲ့ သံသယ ရှိသူတွေကို ပစ်ခတ် ဖမ်းဆီး ခဲ့တဲ့ အမှုပေါင်းက ခန့်မှန်း ထားတာထက် နှစ်ဆ ကျော် မြင့်တက် ခဲ့ပါတယ်။

မူးယစ်ဆေးဝါး နဲ့ ပတ်သက် ဆက်နွယ်သူတွေကို ရဲတပ်ဖွဲ့က ပစ်ခတ် ဖမ်းဆီးမှုပေါင်း ခုနှစ်ရာခန့် ရှိတယ်လို့ ရဲချုပ် ရော်နယ် ဒယ်လာ ရိုဆာ က လွှတ်တော် မှာ လာရောက် ထွက်ဆိုပါတယ်။

ရဲတပ်ဖွဲ့ အနေနဲ့ ပတ်ခတ်ဖမ်းဆီးမှုတွေကို စုံစမ်း စစ်ဆေး နေတယ်လို့ လည်း ဖိလစ်ပိုင် ရဲချုပ် က ပြောပါတယ်။

မေလ မှာ စတင် တာဝန် ထမ်းဆောင် ခဲ့တဲ့ သမ္မတ ဒူတာတေး ရဲ့ လက်ထက်မှာ မူးယစ် ဆေး နဲ့ ပတ်သက်တဲ့ လူတွေကို ပစ်ခတ် ဖမ်းဆီး မှုတွေ မြင့်တက် နေတာဖြစ်ပါတယ်။

မူးယစ်ဆေး ရောင်းချသူတွေနဲ့ သုံးစွဲ သူတွေကို သမ္မတ ဒူတာတေးဟာ ဥပဒေမဲ့ ပစ်ခတ်ဖမ်းဆီး မှုတွေ လုပ်ဆောင် နေတယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝေဖန် နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် က သူ့အပေါ် စွပ်စွဲ ပြောကြားမှုတွေကို ပြန်လည် တုန့်ပြန်တဲ့ အနေနဲ့ ကုလ သမဂ္ဂနေ နှုတ်ထွက်မယ်လို့ သမ္မတ ဒူတာတေးက ခြိမ်းခြောက် ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ