ဂျိုဟန်းနက်စ်ဘာ့ဂ်မှာ အတိုက်အခံ ပါတီကသူ မြို့တော်ဝန် ဖြစ်ပြီ

_herman_mashaba
Image caption ပြုပြင် ပြောင်းလဲရေး တွေ ပြုလုပ်မယ် ဆိုပြီး မြို့တော်ဝန်သစ် မစ္စတာ မက်ရှားဘား က ကတိပြု။

တောင်အဖရိက နိုင်ငံရဲ့ လက်ရှိ အာဏာရ ပါတီ ANC ဟာ တိုင်းပြည်ရဲ့ အကြီးဆုံး မြို့လည်းဖြစ်၊ စီးပွားရေး အချက်အချာ လည်း ဖြစ်တဲ့ ဂျိုဟန်းနက်စ်ဘာ့ဂ် မြို့တော် ကို ကိုင်တွယ် ထိန်းချုပ် နိုင်ခွင့် လက်လွှတ် ဆုံးရှုံး ခဲ့ပြီ ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရက် မဟာမိတ် ပါတီ ဝင် ဟာမင် မက်ရှားဘား ဟာ ဂျိုဟန်းနက်စ်ဘာ့ဂ် မြို့တော် ဝန် အဖြစ် တရားဝင် ကျမ်း သစ္စာ ကျိမ်ဆို ခဲ့ပါတယ်။

တောင်အဖရိက နိုင်ငံမှာ လူဖြူ လူမည်း ခွဲခြားမှု ကျဆုံး သွားခဲ့တဲ့ နောက်ပိုင်း ANC ပါတီ ဟာ အနှစ် ၂ဝ ကျော် ဂျိုဟန်းနက်စ်ဘာ့ဂ် ကို ထိန်းချုပ် ခဲ့တာ ကနေ မြို့တော်ဝန် နေရာကို အခုလို ပြိုင်ဘက် ပါတီ ထံ လွှဲပေး ခဲ့ရတာ ဖြစ်ပါတယ်။

မြို့တော် အုပ်ချုပ်ရေး ယန္တရားကို အမြစ်ရော အကိုင်းအခက် တွေမှာပါ ပြုပြင် ပြောင်းလဲရေး တွေ ပြုလုပ်မယ် ဆိုပြီး မြို့တော်ဝန်သစ် မစ္စတာ မက်ရှားဘား က ကတိပြု ပြောဆို ခဲ့ပါတယ်။

ANC ပါတီဟာ ပြီးခဲ့တဲ့လ က ကျင်းပခဲ့တဲ့ မြူနီစပယ် ရွေးကောက်ပွဲမှာ မြို့တော် အုပ်ချုပ်ရေး ကောင်စီ ထဲ နေရာ အများစု လွှမ်းမိုး ထားနိုင်မှုကို လက်လွှတ် ဆုံးရှုံး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ