မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ထပ်မံပစ်လွှတ်

  • 24 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption မိုင် ၃၀၀ အဝေး ကို ရောက် ရှိ ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူ တစ်ဦး က ပြော

မြောက်ကိုရီးယား ရေငုပ် သင်္ဘော ကနေ ပဲ့ထိန်း ဒုံးကျည် တစ်စင်း စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ် က ပြောပါတယ်။

နိုင်ငံတကာ ရဲ့ တားမြစ် ပိတ်ပင်မှုတွေကို ဆန့်ကျင်ပြီး နောက်ထပ် ဒုံးကျည် စမ်းသပ် ပစ်လွှတ် လိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံ အရှေ့ဘက် ကမ်းခြေ ဘက်ကနေ အဲဒီ ပဲ့ထိန်း ဒုံးကျည် ကို ပစ်လွှတ် ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား က အတည်ပြု ပြောဆို ပါတယ်။

KN-11 လို့ အမည်ပေးထားတဲ့ ပဲ့ထိန်း ဒုံးကျည် ကို မြောက်ကိုရီးယားရဲ့ စင်ပို ကမ်းခြေ ဘက်ကနေ ပစ်လွှတ် လိုက်တာ ဖြစ်ပြီးတော့ မိုင် ၃၀၀ အဝေး ကို ရောက် ရှိ ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

အဆိုပါ ဒုံးကျည်က ဂျပန် နိုင်ငံရဲ့ လေပိုင်နက် ထဲကို ရောက်ရှိခဲ့တယ်လို့လည်း တောင်ကိုရီးယား နိုင်ငံ ယွန်ဟပ် သတင်းဌာနက မှာ ဖော်ပြနေပါတယ်။

အင်္ဂါနေ့ အစောပိုင်း တုန်းကလည်း တောင်ကိုရီးယား နဲ့ အမေရိကန် နိုင်ငံတို့ ရဲ့ ပူးပေါင်း စစ်ရေး လေ့ကျင့်မှု ကို ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး မြောက်ကိုရီးယားက သတိပေး ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ