ဆီးရီးယားနယ်စပ်က လူတွေကို တူရကီပြောင်းရွှေ့

  • 24 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption ဆီးရီးယား နိုင်ငံ ဂျရားဘလို့စ် မြို့နဲ့ တူရကီ ကာကားမစ် ဒေသဟာ နယ်နမိတ် ချင်း ထိစပ် နေ

ဆီးရီးယား နိုင်ငံဘက်ကနေ IS အဖွဲ့ က လက်နက်ကြီး နဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိနေတဲ့ အတွက် တူရကီ ကာကားမစ် ဒေသ ခံတွေ နေရပ်စွန့်ခွာ ကြဖို့ အာဏာပိုင်တွေက ပြောကြားနေပါတယ်။

ဆီးရီးယား နိုင်ငံ ဂျရားဘလို့စ် မြို့နဲ့ တူရကီ ကာကားမစ် ဒေသဟာ နယ်နမိတ် ချင်း ထိစပ် နေပြီး ဂျရားဘလို့စ်မြို့ကို IS အဖွဲ့ဆီကနေ ပြန်လည် သိမ်းယူဖို့ တူရကီ က အထောက်အပံ့ ပေးထားတဲ့ သူပုန် အဖွဲ့ဟာ ကြိုးပမ်း နေပါတယ်။

တူရကီ အထောက်အပံ့ပေး ထားတဲ့ သူပုန် အဖွဲ့တွေဟာ ဂျရားဘလို့စ် မြို့ပြင်ဒေသမှာ စုပေါင်း တပ်စွဲ ထားပြီး IS ဆီကနေ မြို့သိမ်း တိုက်ပွဲ ဆင်နွှဲ ဖို့ ပြင်ဆင် နေပါတယ်။

ပြီးခဲ့တဲ့ တပတ် က တူရကီ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု က IS အဖွဲ့ရဲ့ လက်ချက် လို့ တူရကီ အာဏာပိုင်တွေက ပြစ်တင်နေပြီး နယ်စပ် တလျှောက်က IS တွေကို ချေမှုန်း သွားမယ်လို့ ပြောကြားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ