အိန္ဒိယ ရေကြီးမှု လူရာချီသေ

  • 24 ဩဂုတ် 2016
india flood ဓာတ်ပုံ မူပိုင် AFP
Image caption မုတ်သုန်မိုး ရွာသွန်းမှုကြောင့် ရေကြီး

အိန္ဒိယ နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ မုတ်သုန်မိုး ရွာသွန်းမှုကြောင့် ရေကြီးပြီး လူ ၁၅ဝ ကျော် သေဆုံးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ဘီဟာ ပြည်နယ်မှာ လူ ၂ သန်းခွဲလောက် ရေဘေးသင့်နေပြီး ဂင်္ဂါမြစ်ရေလည်း ဆက်ပြီး မြင့်တက်နေပါတယ်။

ထောင်သောင်းချီတဲ့ ရေဘေး ဒုက္ခသည်တွေ အတွက်လည်း စခန်းတွေ ဖွင့်ထားရပါတယ်။

အိမ်က မရွှေ့ဘဲ ဆက်နေသူတွေအတွက် လှေတွေနဲ့ လိုက်ပြီး စားနပ်ရိက္ခာတွေ ဝေငှနေရပါတယ်။

ရေကြီးလို့ စပါးခင်းတွေ အမြောက်အမြား ပျက်စီးခဲ့တဲ့ အတွက် စားနပ်ရိက္ခာ အခက်အခဲ ကြုံရနိုင်တယ်လို့လည်း ကူညီရေး အဖွဲ့တွေက သတိပေးနေပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ