အီတလီ ငလျင်ဒဏ် ခံခဲ့ရတဲ့ နေရာတွေမှာ ရှာဖွေ ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေ

_itay_earth_quake
Image caption နောက်ဆက်တွဲ ငလျင်ငယ် တွေ ကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း တွေ နှောင့်နှေး။

ငလျင် ဒဏ် ခံခဲ့ရတဲ့ အီတလီ နိုင်ငံ အလယ်ပိုင်း ဒေသမှာ အပျက် အစီးပုံ တွေကြား အသက်ရှင် ကျန်ရစ်သူ ရှိနေ သေးလား ဆိုတာကို ကယ်ဆယ်ရေး အဖွဲ့တွေ ဒုတိယည မြောက် ည ဆက်လက် ရှာဖွေ နေခဲ့ ကြပါတယ်။

ငလျင် အကြီး လှုတ်အပြီး ဖြစ်ပေါ် ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ငယ် တွေ ကြောင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်း တွေ နှောင့်နှေး ခဲ့ရပါတယ်။

ဗုဒ္ဓဟူးနေ့က လှုတ်ခဲ့တဲ့ ငလျင် ဒဏ်ကြောင့် အီတလီ မြို့ ၃ မြို့ ပြားပြားဝပ် သွားခဲ့တဲ့ အထိ ပျက်စီး ခဲ့ရပြီး အနည်းဆုံး လူ ၂၅ဝ သေဆုံး ခဲ့ရပါတယ်။

ရာဂဏန်း တချို့လည်း ဒဏ်ရာ ရရှိ ခဲ့ပါတယ်။

တိုင်းပြည်ရဲ့ အရေးပေါ် ရံပုံငွေ ထဲ ကနေ ယူရို ငွေ သန်းချီ သုံးပြီး အထောက်အပံ့ တွေ ပြုလုပ် နိုင်ဖို့ အတွက် အင်မာထရီးချေ မြို့ အပါအဝင် ငလျင်ဒဏ် အကြီးကျယ် ခံခဲ့ရတဲ့ ဒေသတွေမှာ အီတလီ အစိုးရက အရေးပေါ် အခြေအနေ ထုတ်ပြန် လာဖွယ် ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ