ပထမဆုံးမောင်းသူမဲ့ စင်ကာပူမှာ စဆွဲ

  • 25 ဩဂုတ် 2016
singapore_driverless ဓာတ်ပုံ မူပိုင် NUTONOMY
Image caption သတ်မှတ်ထားတဲ့ နေရာတွေက လိုက်ပါစီးနင်းနိုင်

ကမ္ဘာပေါ်မှာ ပထမဆုံး မောင်းသူမဲ့ အငှားယာဉ်စနစ်ကို စင်ကာပူနိုင်ငံမှာ စတင်ပြေးဆွဲလိုက်ပါတယ်။

ခရီးသည်များဟာ သတ်မှတ်ထားတဲ့ အတင်အချ နေရာတွေကနေ လိုက်ပါ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် လောလောဆယ်မှာတော့ အရေးပေါ်လာရင် မောင်းဖို့ ယာဉ်မောင်းလည်း ကားပေါ်မှာ လိုက်ပါလာဦးမှာ ဖြစ်ပါတယ်။

ဒီစနစ်ကို အမေရိကန်ပြည်ထောင်စုက အူဘာအငှားယာဉ်ကုမ္ပဏီက စတင်ပြေးဆွဲဖို့ စီစဉ်နေတဲ့ အချိန်မှာ အခုမှ စပေါ်လာတဲ့ နပ်တိုနိုမီဆိုတဲ့ ကုမ္ပဏီက စတင်လိုက်တာ ဖြစ်ပါတယ်။

ဂူဂယ်က ဦးစီးလည်ပတ်စေတဲ့ မောင်းသူမဲ့ယာဉ် စမ်းသပ်မှုတွေကို ကယ်လဖိုးနီးယားပြည်နယ်မှာ ပြုလုပ်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမယ့် သာမန် အရပ်သားတွေ အတွက်တော့ နောက်ထပ် နှစ်အတော်ကြာ စောင့်ရဦးမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ