ဒါရဲယား မှာ ပိတ်မိ နေသူတွေကို ဆီးရီးယား အစိုးရ ထွက်သွားခွင့် ပေး

  • 25 ဩဂုတ် 2016
_daraya_syria ဓာတ်ပုံ မူပိုင် AFP
Image caption ဒါရဲယား ဟာ အစိုးရတပ် တွေရဲ့ ပိတ်ဆို့ ဝိုင်းရံတာကို ၂ဝ၁၂ ကတည်းက ခံနေခဲ့ရတာ ဖြစ်။

ဆီးရီးယား နိုင်ငံ မြို့တော် ဒမတ်စ်ကပ်စ် ရဲ့ ဆင်ခြေဖုံး ဒေသဖြစ်တဲ့ ဒါရဲယား မှာ အစိုးရတပ် တွေ ရဲ့ နှစ် အတန်ကြာ ပိတ်ဆို့ တာ ခံနေကြရတဲ့ အရပ်သားတွေ နဲ့ သူပုန် တွေကို ထွက်ခွာ သွားခွင့် ပြုလိုက်တယ် ဆိုတဲ့ သတင်းတွေ ရရှိ ထားပါတယ်။

ဒီကနေ့ ဩဂုတ်လ ၂၆ ရက် သောကြာ နေ့မှာ ဒါရဲယား ကနေ လူတွေ ထွက်ခွာမယ့် အစီအစဉ် စတင်မယ်လို့ အစိုးရနဲ့ သူပုန် နှစ်ညက် စလုံးက ပြောနေပါတယ်။

အရပ်သား လေးထောင်နဲ့ သူပုန် အယောက် ၇ဝဝ ကို ထွက်ခွာ သွားခွင့် ပြုမှာ ဖြစ်တယ်လို့ ဆီးရီးယား အစိုးရပိုင် ရုပ်မြင်သံကြား က ပြောပါတယ်။

ဒါရဲယား ဟာ အစိုးရတပ် တွေရဲ့ ပိတ်ဆို့ ဝိုင်းရံတာကို ၂ဝ၁၂ ကတည်းက ခံခဲ့ရတာ ဖြစ်ပြီး ဗုံးကြဲ တိုက်ခိုက် တဲ့ ဒဏ် ကို လည်း အမြဲ ကြုံတွေ့ ခဲ့ရပါတယ်။

Image caption အလက်ပ်ပိုမှာ တိုက်ပွဲတွေ ဆက်ရှိ။

တခါ၊ အလက်ပ်ပို မြို့က လာတဲ့ သတင်းတွေ အရ သူပုန်တွေ ထိန်းချုပ် ထားရာ နယ်မြေ တွေကို အစိုးရရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁၁ ယောက် သေဆုံး သွား ခဲ့ရတယ် လို့ ဆိုပါတယ်။

ဆီးရီးယား အစိုးရက လေကြောင်းကနေ ကြဲချ ခဲ့တဲ့ စည်ပိုင်းဗုံး ကြောင့် ကလေးသူငယ် တွေ အပါအဝင် စုစုပေါင်း အရပ်သား ၁၅ ယောက် သေဆုံး ခဲ့ရတာ ဖြစ်တယ်လို့ ဆီးရီးယား အရေး လှုပ်ရှား နေသူတွေ က ပြောပါတယ်။

အစိုးရတပ် တွေ ရဲ့ ထိန်းချုပ် နယ်မြေ ထဲမှာလည်း သူပုန် အဖွဲ့တွေရဲ့ ပစ်ခတ်မှု ကြောင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၈ ဦး သေဆုံး ခဲ့ရတယ်လို့ ဆိုပါတယ်။

အလက်ပ်ပို မြို့ဆီ လိုအပ်တဲ့ ကယ်ဆယ်ရေး ပစ္စည်း တွေ ပေးပို့ နိုင်ဖို့ အတွက် ၄၈ နာရီကြာ အပစ်ရပ် ပေးဖို့ ရုရှား က သဘောတူ ခဲ့တယ် ဆိုပြီး ကုလသမဂ္ဂ က ထုတ်ပြန် ခဲ့တဲ့ နောက်ပိုင်း အခုလို တိုက်ခိုက်မှု တွေ ဆက်လက် ရှိနေတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ