ပုဂံမှာ နောက်ပိုင်း ပြင်ဆင်တာတွေ ကြောင့် ရှေးလက်ရာတွေပါ ထိခိုက်ရ

  • 26 ဩဂုတ် 2016
_pagan_earth_quake_unesco
Image caption အပျက်အစီး များခဲ့ရတဲ့ စူဠာမဏိ စေတီတော်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က လှုတ်ခတ် ခဲ့တဲ့ ငလျင်ဒဏ် ကြောင့် ထိခိုက် ခဲ့ရတဲ့ ပုဂံ ဒေသက ရှေး ဘုရား ပုထိုး တွေထဲ အပျက်အစီး အများဆုံး ဖြစ် ခဲ့ရတဲ့ စူဠာမဏိ စေတီ တော် မှာ နောက်ပိုင်း ပြင်ဆင် ထားတဲ့ အစိတ်အပိုင်း တွေ ပြိုကျ ခဲ့လို့ မူလ ရှေးလက်ရာ တွေကိုပါ ထိခိုက် ခဲ့ရတယ် ဆိုတဲ့ သုံးသပ်ချက် ထွက်ပေါ် လာပါတယ်။

စူဠာမဏိ စေတီ တော် ကို ကုလသမဂ္ဂ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့ ယူနက်စ်ကို နဲ့ အတူ ကြည့်ရှု့ စစ်ဆေး ခဲ့တဲ့ ဆွစ်ဇာလန် နိုင်ငံက ရှေးဟောင်းသုတေသန ပညာ ရှင် ကိုင်အာ ဗိုက်ဇာ က ပြောခဲ့တာပါ။

ငလျင် ဒဏ် ခံလိုက်ရတဲ့ ရှေးလက်ရာ အမွေအနှစ် တွေကို ကြံ့ခိုင်မှု ရှိအောင် အရင် လုပ်ဆောင် ပြီးမှ ပြန်လည် ပြင်ဆင် ရေး ဆိုတာကို စဉ်းစား နိုင်မှာ ဖြစ်ပြီး အချိန်ယူရမယ့် လုပ်ငန်းစဉ် ဖြစ်တယ်လို့ ယူနက်စ်ကို အဖွဲ့ ဘန်ကောက်ရုံးက ယာဉ်ကျေးမှု ဌာနမှုး Ms. Duong Bich Hanh ကလည်း ဘီဘီစီ ကို ပြောပါတယ်။

ပုဂံ ဒေသကို ယူနက်စ်ကို အသိအမှတ်ပြု ကမ္ဘာ့ ယဉ်ကျေး မှု အမွေ အနှစ်နေရာ အဖြစ် လာမယ့် ၂ဝ၁၈ ဖေဖေါ်ဝါရီမှာ တင်သွင်းမယ့် အစီအစဉ် ဟာ အခု လို ငလျင် ဒဏ် ခံခဲ့ရတာ ကြောင့် နှောင့်နှေး သွားမှာ လား ဆိုတာကို ပြောဖို့ စောသေး တယ်လို့လည်း ယူနက်စ်ကို အရာရှိ က ဆိုပါတယ်။

အခု လက်ရှိ ပုဂံမှာ ရောက်နေတဲ့ ယူနက်စကို အဖွဲ့ဟာ ငလျင် အပျက်စီး စာရင်းကို မှတ်တမ်းတင် ကောက်ယူ ပြီးရင် တော့ လိုအပ် တဲ့ နေရာတွေ မှာ နည်းပညာအကူ နဲ့ ငွေကြေး အကူအညီ တွေ ပေးသွား မှာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ