ဆီးရီးယားက ပိတ်ဆို့ခံထားရသူတွေ ထွက်ခွာခွင့်ရ

  • 26 ဩဂုတ် 2016
Image caption ရာနဲ့ ချီတဲ့ တိုက်ခိုက်ရေး သူပုန်တွေကိုလည်း ထွက်ခွာခွင့် ပေး

ဆီးရီးယား နိုင်ငံ ဒမတ်စ်ကပ်စ် မြို့တော် ဆင်ခြေဖုံးမှာ နှစ်နဲ့ချီပြီး အစိုးရတပ်တွေရဲ့ ပိတ်ဆို့တားဆီးမှုအောက်မှာ နေခဲ့ကြရသူ ထောင်နဲ့ ချီတဲ့ အရပ်သားတွေ အဲဒီကနေ စတင် ထွက်ခွာနေကြပြီဖြစ် ပါတယ်။

ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ဒါရဲယား မြို့က သူပုန်တွေနဲ့ ဆီးရီးယား အစိုးရတို့ကြား သဘောတူညီခဲ့ကြပြီးနောက် အခု အစီအစဉ်ကို စတင် ခဲ့တာဖြစ်ပါတယ်။

အစိုးရနဲ့ သဘောတူညီချက်အရ ရာနဲ့ ချီတဲ့ တိုက်ခိုက်ရေး သူပုန်တွေကိုလည်း ထွက်ခွာခွင့် ပေးမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ ရဲ့ ကူညီရေးဆိုင်ရာ အဆင့်မြင့် အရာရှိက ဒါရဲယား ကနေ ထွက်ခွာရေး အစီအစဉ်ဟာ ကိုယ့်သဘောနဲ့ ကိုယ် ဖြစ်သင့်တယ်။

ဘာတွေ ဖြစ်နေတယ် ဆိုတာကိုလည်း ထွက်ခွာသွားသူတွေ သိအောင် ပြောသင့်တယ်လို့ ဆိုရင်း ဒီသဘောတူညီချက်နဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ