ဒက္ကာ တိုက်ခိုက်မှုနဲ့ သံသယ ထင်ခံရသူ သေဆုံး

Image caption ပြည်ထဲရေး ၀န်ကြီး Asaduzzaman Khan

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရဲက ၀င်ရောက် စီးနင်း ဖမ်းဆီးမှု အတွင်း အကြမ်းဖက် တိုက်ခိုက်မှုတခုကို ကြံစည်ခဲ့တယ်လို့ သံသယ ရှိသူ တနင်းမ်ချောင်ဒရီ သေဆုံးသွားပါတယ်။

ပြီးခဲ့တဲ့ လတုန်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံ မြို့တော် ဒက္ကာ က စားသောက်ဆိုင်ကို အကြမ်းဖက် တိုက်ခိုက်မှုကြောင့် လူ၂၀ကျော် သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ တနင်းချောင်ဒရီဟာ နောက်ကွယ်က ကြိုးကိုင် ကြံစည်ခဲ့တယ်လို့ ရဲက သံသယ ရှိနေတာ ဖြစ်ပါတယ်။

အထူးရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်း စစ်ဆင်ရေး လုပ်ခဲ့တဲ့ အတောအတွင်းမှာ သူတို့ကို လက်နက်ချဖို့ ပြောပေမယ့် ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ရှိခဲ့သလို ရထားတဲ့ အထောက်အထားတွေ အရ ဒက္ကာ အကြမ်းဖက် တိုက်ခိုက်မှု နောက်ကွယ်က ကြိုးကိုင်သူ တနင်း ချောင်ဒရီ သေဆုံး သွားပြီ ဆိုတာ သေချာပါတယ်လို့ ပြည်ထဲရေး ဝန်ကြီး အဆာဒူးဇ် ဂျမန်းဇ် ခန်းက ပြောပါတယ်။

ဒက္ကာမြို့ ဆင်ခြေဖုံးက အဆောက်အအုံ တခုကို ရဲက ၀င်ရောက် စီးနင်းမှု အတွင်း တခြား စစ်သွေးကြွ နှစ်ယောက်လည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ