ငလျင်ကြောင့် သေဆုံးသူတွေရဲ့ စျာပန ကျင်းပ

  • 27 ဩဂုတ် 2016
Image caption ငလျင်ကြောင့် သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေ ပြင်ဆင်ထားပုံ

အီတလီ နိုင်ငံ အလယ်ပိုင်းမှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က ငလျင်အတွင်း သေဆုံးခဲ့သူတွေ အတွက် တရက်တာ ၀မ်းနည်းခြင်း အထိမ်းအမှတ် သတ်မှတ် ကျင်းပခဲ့ပြီး သေဆုံးသူတွေရဲ့ စုပေါင်း စျာပန အခမ်းအနားကို သမ္မတ ဆာဂျီယို မက်တရဲလားနဲ့ ၀န်ကြီးချုပ် မက်တီယို ရန်ဇီ တက်ရောက်ခဲ့ပါတယ်။

အက်စ်ကိုလီ ပီဆက်ကို မြို့က အားကစားကွင်းက ခန်းမမှာ ကျင်းပတဲ့ အခမ်းအနားကို သေဆုံးသူတွေရဲ့ ဆွေမျိုး မိသားစု၀င်တွေ တက်ရောက်ခဲ့ပြီး အီတလီ သမ္မတနဲ့ ဝန်ကြီးချုပ်တို့က ၀မ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ ကလေး နှစ်ယောက် အပါအ၀င် သေဆုံးသူ သုံးဆယ့်ငါးယောက်ရဲ့ အလောင်းတွေကို ပန်းတွေနဲ့ ပြင်ဆင်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က အီတလီ နိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ သုံးရာနီးပါး ရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ