စင်္ကာပူမှာ ဇီကာ ဗိုင်းရပ်စ် ကူးစက်

  • 29 ဩဂုတ် 2016
singapore city ဓာတ်ပုံ မူပိုင် AFP
Image caption အဝင်အထွက် အကူးအသန်းများတဲ့ စင်္ကာပူ

စင်္ကာပူမှာ ဇီကာ ဗိုင်းရပ်စ် ကူးစက်သူ ၄၁ ယောက် တွေ့ရှိရကြောင်း အာဏာပိုင်တွေက ပြောကြားပါတယ်။

ဒီလူအများစုဟာ ပြည်ပက လာရောက်လုပ်ကိုင်တဲ့ ဆောက်လုပ်ရေး လုပ်သားတွေဖြစ်ကြပြီး စင်္ကာပူမှာ တနေရာထဲ နေထိုင်ကြသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သူတို့ထဲက ဘယ်သူမှ ဇီကာ ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ နေရာတွေ မသွားခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဒီထဲက ၃၄ ယောက် ပြန်လည် နာလန်ထလာပြီး ၇ ယောက်ကို ဆေးရုံတင်ထားဆဲ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ