ဆီးရီးယားထဲ စစ်ရေး မတိုးချဲ့ဖို့ တူရကီကို မဟာမိတ် အမေရိကန် သတိပေး

  • 29 ဩဂုတ် 2016
turkey_syria_
Image caption IS ချေမှုန်းရေး အပေါ်မှာသာ အာရုံ စိုက်ကြဖို့ တူရကီ နဲ့ ကာ့ဒ် နှစ်ဘက် စလုံးကို အမေရိကန် တိုက်တွန်း။

ဆီးရီးယား နိုင်ငံထဲ မှာ တူရကီ ရဲ့ စစ်ရေး ဆောင်ရွက် ချက် တွေကို တောင်ဘက် ပိုင်း အထိ တိုးချဲ့ လုပ်ဆောင်မယ့် ကိစ္စ မှန်သမျှကို အမေရိကန် အစိုးရက ကန့်ကွက်တယ်လို့ အမေရိကန် ရဲ့ အမျိုးသား လုံခြုံရေး ဆိုင်ရာ လက်ထောက် အကြံပေး ဘဲန် ရုဒ့်စ် က ပြောလိုက် ပါတယ်။

တူရကီ အနေနဲ့ ဆီးရီးယား တောင်ဘက်ပိုင်း အထိ စစ်ရေး တိုးချဲ့တာဟာ အမေရိကန် ဦးဆောင်တဲ့ မဟာမိတ် ညွန့်ပေါင်း အဖွဲ့ကို ဆန့်ကျင် တာ ဖြစ်တယ်လို့ လည်း မစ္စတာ ရုဒ့်စ် က ဆိုပါတယ်။

အမေရိကန်ရဲ့ အဓိက မဟာမိတ် တွေ ချည်း ဖြစ်တဲ့ တူရကီ နဲ့ ကာ့ဒ်မျိုးနွယ်စု လက်နက်ကိုင် တွေ ကြား တိုက်ပွဲ တွေ ဆက်လက် ဖြစ် နေတဲ့ အပေါ်လည်း အမေရိကန် အနေနဲ့ အင်မတန် စိတ် မသက်မသာ ဖြစ်နေပါတယ်။

အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့ IS ကို ချေမှုန်း နိုင်ရေး အပေါ်မှာသာ အာရုံ စိုက်ကြဖို့ တူရကီ နဲ့ ကာ့ဒ် နှစ်ဘက် စလုံးကို အမေရိကန် က တိုက်တွန်း နေပါတယ်။

တရုတ် နိုင်ငံမှာ ကျင်းပမယ့် ထိပ်သီး စက်မှု နိုင်ငံ ၂ဝ G 20 အစည်းအဝေး ကျရင်၊ တူရကီ သမ္မတ ရာဂျစ် တိုင်ရိ အာဒိုအန် နဲ့ သမ္မတ အိုဘားမား တို့ တနင်္ဂနွေ နေ့မှာ သီးသန့် တွေ့ဆုံ ကြဖို့ ရှိနေတယ်လို့ အိမ်ဖြူတော်က အတည်ပြု ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ