လိုင်းယွန်းရော့ခ် တိုင်ဖွန်း ဂျပန်ကို ဝင်ရောက်

  • 30 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption ရထားနဲ့ လေကြောင်း ခရီးစဉ်တွေ ရပ်ဆိုင်း ထားရ။

ဂျပန် နိုင်ငံ အရှေ့မြောက် ကမ်းရိုးတန်းကို လိုင်းယွန်းရော့ခ် Lionrock တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့လို့ ၂၀၁၁ ဆူနာမီ လှိုင်းဒဏ် ခံရအပြီး ပြန်လည် တည်ဆောက်နေဆဲ ဖြစ်တဲ့ ဒေသတဝိုက်မှာ ပျက်စီးမှုတွေ ထပ်ကြုံခဲ့ရပါတယ်။

လိုင်းယွန်းရော့ခ် တိုင်ဖွန်း မုန်တိုင်းကြောင့် သောင်းနဲ့ချီတဲ့ လူတွေလည်း နေရပ် စွန့်ခွာ ပြောင်းရွှေ့ ခဲ့ရပါတယ်။

ရထား လိုင်းတွေနဲ့ လေကြောင်း ခရီးစဉ်တွေကိုလည်း ဖြတ်တောက် ခဲ့ရပါတယ်။

ဆူနာမီ ဒဏ်ကြောင့် ယိုစိမ့်ခဲ့တဲ့ ဖူကူရှီးမား နျူစက်ရုံက ပြင်ဆင် ရှင်းလင်းရေး အလုပ်တွေကိုလည်း အခု မုန်တိုင်းကြောင့် ရပ်ဆိုင်း ထားရပါတယ်။

အဲဒီ ဒေသမှာ တိုင်ဖွန်းမုန်တိုင်း ကုန်းတွင်းပိုင်း ဝင်ရောက် တိုက်ခတ်တာဟာ ဂျပန် မိုးလေဝသ အဖွဲ့က စတင် မှတ်တမ်းပြုစုတဲ့ ၁၉၅၁ နောက်ပိုင်းမှာ ပထမဆုံး ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ