စင်ကာပူ မသွားဖို့ မိခင်လောင်းတွေကို သတိပေး

  • 30 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် Getty

ဇီကာ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုတွေ ဖြစ်ပွားနေတဲ့ စင်ကာပူ နိုင်ငံကို ကိုယ်ဝန်ဆောင် တွေနဲ့ မိခင်လောင်းတွေ မသွားကြဖို့ သြစတြေးလျ၊ ထိုင်ဝမ်နဲ့ တောင်ကိုရီးယား နိုင်ငံတွေက သတိပေးထား ကြပါတယ်။

စင်ကာပူမှာ ခြင်က တဆင့် ပျံ့ပွားတဲ့ ဇီကာ ဗိုင်းရပ်စ် ကူးစက် ခံရသူပေါင်း အယောက် ၅၀ ကျော် ရှိနေပါတယ်။

ဇီကာ ဗိုင်းရပ်စ် ကူးစက်မှုကို ပြီးခဲ့တဲ့ နှစ်က ဘရာဇီး နိုင်ငံမှာ စတင် တွေ့ခဲ့ရတာ ဖြစ်ပြီး၊ အဲဒီ ဗိုင်းရပ်စ်က ဦးခေါင်းအရွယ် ပုံမှန်ထက် သေးငယ်တဲ့ ကလေးငယ်တွေ မွေးဖွားလာမှုနဲ့ ဆက်စက်မှု ရှိနေပါတယ်။

ဇီကာ ဗိုင်းရပ်စ် အရေးပေါ် ကော်မတီက ကြာသပတေးနေ့မှာ ဆွေးနွေးပွဲ လုပ်ဖို့ ရှိတယ်လို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ကြေညာ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ