IS ပြောခွင့်ရ အယ်လ်-အက်ဒ်နာနီ သေဆုံး

  • 30 ဩဂုတ် 2016
Abu Muhammad al-Adnani ဓာတ်ပုံ မူပိုင် Dabiq EI
Image caption အနောက် နိုင်ငံတွေမှာ တစ်ကိုယ်တော် တိုက်ခိုက်မှု တွေ လုပ်ဆောင်ကြဖို့ ဆော်ဩ ခဲ့သူတစ်ဦး အဖြစ် အယ်လ်-အက်ဒ်နာနီ ကို အသိများ။

အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့က သူတို့ရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦး လည်းဖြစ်၊ အဖွဲ့ရဲ့ ပြောခွင့် ရသူလည်း ဖြစ်တဲ့ အဘူ မိုဟာမက်ဒ် အယ်လ်-အက်ဒ်နာနီ သေဆုံး သွားပြီလို့ ထုတ်ပြော ပါတယ်။

ဆီးရီးယား နိုင်ငံ အလက်ပ်ပို မြို့ မှာ IS ဘက်က စစ်ရေး တုံ့ပြန်ချက် တွေ လုပ်ဆောင်ဖို့ ကြိုးစားရင်း သေဆုံး ခဲ့ရတာ ဖြစ်တယ် ဆိုပြီး IS နဲ့ ဆက်စပ်နေတဲ့ အေမာ့ခ် အမည်ရှိတဲ့ အင်တာနက် ဝက်ဘ်ဆိုက် မှာ ဖော်ပြ ထားပါတယ်။

ဒါပေမယ့် အယ်လ်-အက်ဒ်နာနီ ဘယ် တုန်းက ဘယ်သူ့ လက်ချက်နဲ့ သေဆုံး သွားတာလဲ ဆိုတဲ့ အသေးစိတ် အချက်အလက် တွေ ကိုတော့ ပြောမထားပါဘူး။

အနောက် နိုင်ငံတွေမှာ တစ်ကိုယ်တော် တိုက်ခိုက်မှု တွေ လုပ်ဆောင်ကြဖို့ ဆော်ဩ ခဲ့သူတစ်ဦး အဖြစ် အယ်လ်-အက်ဒ်နာနီ ကို အသိများပါတယ်။

သူ့ကို နိုင်ငံတကာ အကြမ်းဖက် သမား အဖြစ် အမေရိကန် အစိုးရက စာရင်း သွင်းထားပြီး သူ ရှိတဲ့ နေရာကို သတင်း ပေးနိုင်ရင် ဒေါ်လာ ၅ သန်း အထိ ပေးမယ် လို့ ဆုကြေး ထုတ်ခံ ထားရသူ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ