ဂက်ဘ်ဘွန် အတိုက်အခံတွေ လွှတ်တော်ကို မီးတင်ရှို့

  • 31 ဩဂုတ် 2016
_gabon_election_riot
Image caption မဲ ခြောက်ထောင် ဝန်းကျင် အသာစီးနဲ့ သမ္မတ ဘွန်ဂိုက အနိုင်ရခဲ့တယ် ဆိုတဲ့ အချက် ဟာ လိမ်ညာ လှည့်ဖျားတာ ဆိုပြီး အတိုက်အခံ တွေက ယူဆ နေပါတယ်။

အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းရိုးတမ်း ဘက်ခြမ်း ဗဟို အာဖရိက နိုင်ငံ တစ်ခု ဖြစ်တဲ့ ဂက်ဘ်ဘွန်း မှာ သမ္မတ အလီ ဘွန်ဂို ကို ဆန့်ကျင် သူတွေက အမျိုးသား လွှတ်တော် အဆောက်အဦ ကို မီးတင် ရှို့ ခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ကျင်းပ ခဲ့တဲ့ ရွေးကောက်ပွဲ မှာ လက်ရှိ သမ္မတ ဘွန်ဂိုက ပြိုင်ဘက် ယန်းပင်း ကို ပွတ်ကာ သီကာ နဲ့ အနိုင်ရရှိ ခဲ့တယ် ဆိုတဲ့ ကြေညာချက် ထွက်လာ အပြီးမှာ မစ္စတာ ပင်းကို ထောက်ခံ ကြသူတွေ အုံကြွ လာခဲ့တာ ဖြစ်ပါတယ်။

မဲ ခြောက်ထောင် ဝန်းကျင် အသာစီးနဲ့ သမ္မတ ဘွန်ဂိုက အနိုင်ရခဲ့တယ် ဆိုတဲ့ အချက် ဟာ လိမ်ညာ လှည့်ဖျားတာ ဆိုပြီး အတိုက်အခံတွေက ယူဆ နေပါတယ်။

ဂစ်ဘ်ဘွန် ရဲ့ မြို့တော် လီဘရာဗီးလ် မှာ ဆန္ဒပြ အုံကြွ နေသူ တွေကို ရဲတွေက မျက်ရည်ယိုဗုံး သုံးပြီး ဖြိုခွဲ ခဲ့ကြပါတယ်။

ရေနံ ထွက်တဲ့ ဂစ်ဘ်ဘွန်း နိုင်ငံ မှာ ဘွန်ဂို မျိုးနွယ် တွေ အာဏာ ပိုင်စိုး ထားတာ ရာစုနှစ် ထက်ဝက် နီးပါး ကြာမြင့် နေပြီ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ