အကြမ်းဖက်မှု နှိမ်နင်းဖို့ ပါကစ္စတန်ကို အိန္ဒိယရောက် ဂျွန်ကယ်ရီ တိုက်တွန်း

  • 31 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် EPA
Image caption အိန္ဒိယ နည်းပညာ တက္ကသိုလ်မှာ ဂျွန်ကယ်ရီ စကားပြောစဉ်။

အိန္ဒိယ နိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပါကစ္စတန် နယ်မြေထဲက အကြမ်းဖက် အုပ်စုတွေကို နှိမ်နင်းရေး ထပ်တိုး လုပ်ဆောင်ဖို့ ပါကစ္စတန် အစိုးရကို တိုက်တွန်း လိုက်ပါတယ်။

ပါကစ္စတန်ရဲ့ ပြိုင်ဖက် အိမ်နီးချင်း အိန္ဒိယကို ဂျွန်ကယ်ရီ ရောက်ရှိစဉ် တက္ကသိုလ် စည်းဝေးပွဲ တစ်ခုမှာ ခုလို တိုက်တွန်း ပြောကြား ခဲ့တာပါ။

အိန္ဒိယနဲ့ ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အဲဒီ အကြမ်းဖက် အုပ်စုတွေကြောင့် ယိုယွင်း ထိခိုက်ခဲ့ရတာလို့ မစ္စတာ ကယ်ရီက ပြောပါတယ်။ အာဖဂန် နစ္စတန် နိုင်ငံဟာလည်း အဲဒီ အကြမ်းဖက် အုပ်စုတွေကြောင့်ပဲ မတည်မငြိမ် ဖြစ်ခဲ့တာလို့ ဂျွန်ကယ်ရီက ဆိုပါတယ်။

အင်္ဂါနေ့ကတော့ မစ္စတာ ကယ်ရီက အာဖဂန် စစ်သွေးကြွ အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Haqqani အဖွဲ့ရဲ့ ကွန်ရက်ကို ချိုးဖျက်တဲ့ ပါကစ္စတန် အစိုးရရဲ့ လှုပ်ရှားမှုကို ချီးကျူး ပြောဆို ခဲ့ပါတယ်။

နောက်လမှာတော့ အမေရိကန်၊ အာဖဂန်နဲ့ အိန္ဒိယတို့ ၃ နိုင်ငံ ဆွေးနွေးမှုတွေ လုပ်ဖို့ ရှိပြီး၊ အဲဒီ ၃ နိုင်ငံ ဆွေးနွေးပွဲမှာ မပါတဲ့ ပါကစ္စတန် အနေနဲ့ အထီးကျန် သလို မခံစားရ စေဖို့လည်း ဂျွန်ကယ်ရီက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ