လှေစီး ဝင်ရောက်သူ တစ်ပတ်အတွင်း တစ်သောင်းကျော်ပြီ

  • 31 ဩဂုတ် 2016
ဓာတ်ပုံ မူပိုင် AP
Image caption ရာသီဥတု ကောင်းလာတဲ့အတွက် လှေစီး ဝင်ရောက်သူ ရုတ်တရက် တိုးလာနေ။

ဥရောပကို ဦးတည် ထွက်ခွာလာတဲ့ လှေစီး ရွှေ့ပြောင်းသူ နောက်ထပ် အယောက် သုံးထောင်ကို မြေထဲ ပင်လယ်ထဲမှာ ထပ်မံ ကယ်တင်ခဲ့တယ်လို့ အီတလီ ကမ်းစောင့်တပ်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ ကတည်းက လစ်ဗျား ကမ်းလွန်ကနေ ကယ်တင်ခဲ့ရသူ စုစုပေါင်း တစ်သောင်းကျော် ရှိသွားပြီ ဖြစ်ပါတယ်။ လှေစီး ရွှေ့ပြောင်းသူ အများစုက အဲရီထရီယာနဲ့ ဆိုမာလီယာ နိုင်ငံတွေက ဖြစ်ပါတယ်။

ကယ်တင်ခဲ့တဲ့ လှေစီး ရွှေ့ပြောင်းသူတွေ ထဲမှာ အသက် အငယ်ဆုံးအဖြစ် တစ်ပတ်သာ ရှိသေးတဲ့ အမြွာကလေးငယ် နှစ်ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ပင်လယ်ပြင်မှာ ရာသီဥတု တည်ငြိမ် လာနေတဲ့အတွက် ဥရောပကို ဦးတည်ပြီး လှေစီး ထွက်ခွာသူ အရေအတွက် ရုတ်တရက် မြင့်တက် လာနေတာ ဖြစ်ပါတယ်။

ကယ်တင်ခဲ့သူ အများစုကို စစ္စလီကျွန်းကို ပို့ဆောင် ပေးနေတယ်လို့ အီတလီ ကမ်းစောင့်တပ်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ