မလေးရှား ငွေအရှုပ်တော်ပုံ ဝန်ကြီး အတည်ပြု

  • 1 စက်တင်ဘာ 2016
malaysia ဓာတ်ပုံ မူပိုင် Other
Image caption မလေးရှားက နံပတ် ၁ အရာရှိကြီး

အမေရိကန် ပြည်ထောင်စုမှာ ဒေါ်လာသန်း ထောင်နဲ့ချီပြီး ငွေကြေး မသမာမှုမှာ ပါနေတဲ့ တရားစွဲခံထားရသူ အမည် ဖော်ပြခြင်း မရှိတဲ့ မလေးရှား အရာရှိကြီး ဆိုတာဟာ ဝန်ကြီးချုပ် Najib Razak ဖြစ်တယ်လို့ မလေးရှားအစိုးရ ဝန်ကြီး တယောက်က ဘီဘီစီကို အတည်ပြု ပြောပါတယ်။

မလေးရှားက နံပတ် ၁ အရာရှိကြီးလို့ သာ သီတင်းပတ် အတန်ကြာ ပြောဆိုသုံးနှုန်း ခဲ့ကြပြီး အခုမှ အဲဒီလူဟာ ဝန်ကြီးချုပ်ပါလို့ မလေးရှား ဝန်ကြီး Abdul Rahman Dahlan က အတည်ပြု ပြောတာဖြစ်ပါတယ်။

တရားရေးဌာနက ဒီအမှုနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ကို ခေါ်စစ်မှာ မဟုတ်တဲ့ အတွက် သူ့နာမည်ကို ထည့်သွင်းမထားတာလို့ မလေးရှား ဝန်ကြီးက ပြောသွားပါတယ်။

1 MDB လို့ ခေါ်တဲ့ မလေးရှား အစိုးရ ရဲ့ သန်းထောင်နဲ့ချီတဲ့ ရန်ပုံငွေတွေကို လွှဲပြောင်းခဲ့တာလို့ တရားစွဲဆိုမှုမှာ ဆိုထားပါတယ်။

အဲဒီငွေတွေကိုထိန်းချုပ်သူ မစ္စတာ Najib ကတော့ တစုံတရာ အမှားအယွင်း မရှိကြောင်း ငြင်းဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ